အပြင်းအထန် တိုက်ပွဲ

163 21 0
                                    

Nine Star Hegemon Body Artဆေးသိဒ္ဓိရှင်အခန်း(၁၀၃)အပြင်းအထန်တိုက်ပွဲ
ပတ်ဝန်းကျင်သည် အပ်ကျသံပင်ကြားရလောက်အောင်တိတ်ဆိတ်သွားသည်။လုံချန်၏ အသံက ကွင်းပြင်ထဲ၌ ပဲ့တင်သံထပ်လျှက်ရှိသည်။လုံချန်က မြေပြင်တွင်စိုက်လျှက်ရှိနေသည့် ဓားရှည်ကြီးကို စွပ် ကနဲဆွဲနုတ်ကာ စတုထ္ထမင်းသားထံသို့ ဦးတည်သွားလိုက်သည်။
သူ့၏ ဓားသည် မြေပြင်တွင် တရွတ်တိုက်ဆွဲ၍ ပါလာခြင်းဖြစ်ရာ ဓား၏ အလေးချိန်ကြောင့် မြေပြင်တွင်စွပ်ကြောင်းရာကြီး ထင်ကျန်နေခဲ့၏။စတုထ္ထမင်းသား မျက်နှာပျက်နေသည်။ပထမဆုံးအကြိမ် အဖြစ်လုံချန်ကို ကြောက်လန့်တကြားဖြင့် သူ ကြည့်မိ၏။
"လုံချန်ကို သွားသတ်ကြစမ်း" ထိုအချိန်တွင် တစ်ချိန်လုံး လက်ဖက်ရည်သာသောက်နေသည့် ၀တ်ရုံဖြူက လက်ထဲမှလက်ဖက်ရည် ပန်းကန်ကိုချသည်။တင်္ဂ စဉ်းစားပြီးမှ ၀တ်ရုံဖြူ ခေါင်းငြိမ့်လိုက်သည်။
"မင်းတို့ သူ့ကိုမသတ်နိုင်ရင် မင်းတို့လည်း အသက်ဆက်ရှင်စရာမလိုတော့ဘူး"
ရှယိုယု မျက်နှာ မသိမသာပျက်သွားသော်လည်း ပြန်မပြောရဲချေ။သူသည် စတုထ္ထမင်းသားကို အေးစက်စွာ ဖြင့် တစ်ချက်ကြည့်ပြီးမှ သူ့နောက်မှ လူနှစ်ယောက်ကို အမိန့်ပေးလေသည်။
"သွားကြ"
လုံချန် ထံသို့ လူသုံးယောက်ပြေးဝင်လာသည်။ရှယိုယု နှင့် အခြား ကျင်ကျီသိုင်းသမားနှစ်ယောက်ဖြစ်သည်။သူတို့ထဲမှ တစ်ယောက်မှာမူ လုံရှင်းရှောင် မြားကြောင့် နှာခေါင်းပြတ်သွားသူ ဖြစ်၏။
"သေစမ်း"
ယင်အမတ်ကြီးကဲ့သို့ သိုင်းပညာရှင်ကြီးတစ်ယောက်ပင် သိုင်းသုံးကွက်ထဲနှင့် မရှုမလှ အရေးနိမ့်သွားသည်ကို မြင်ထားရာ ၎င်းတို့သုံးယောက်သည် လုံချန် ကို နည်းနည်းမှ အထင်မသေးရဲကြချေ။ထို့ကြောင့်၎င်းတို့က အင်အားအကုန်သုံးကာ တိုက်ခိုက်ကြတော့၏။ရှယိုယု ၏ လက်ထဲတွင် ကိုင်ထားသည့် သံမဏိ လှံကြီးမှာ အနက်ရောင်တစ်လက်လက်တောက်ပနေသည်။
သူသည် လုံချန်ကို အရင်ဆုံး စတင်တိုက်ခိုက်သူ ဖြစ်ကာ နားကွဲမတတ် တစ်ရွှီရွှီ မြည်သံကြီးထွက်ပေါ်လာ၏။လုံရှင်းရှောင် အံ့အားသင့်မိပါ၏။ရှယိုယုကား မဟာရှ၏ ပြည့်ရှင်မင်းတစ်ပါး ဖြစ်သည့်တိုင် ၎င်း၏ သိုင်းပညာသည့် အဆင့်မြင့်လွန်းလှပေသည်။ယခင် အင်ပါယာနှစ်ခု အချင်းချင်း ဖြစ်သည့် စစ်ပွဲများအတွင် ရှယိုယု နှင့် သူ တိုက်ခိုက်ခဲ့ဖူးသည်သာ။သို့သော် သူတို့နှစ်ယောက်က လက်ရည်တူပင်။နောက်ပိုင်း ရှယိုယု နန်းတက်သွားသလို နှစ်ပြည်ထောင် ဆက်ဆံရေးကလည်း တိုးတက်လာခဲ့၏။
ယနေ့ ရှယိုယု၏ တိုက်ခိုက်မှုကို ကြည့်လျှင် သူသည် သိုင်းပညာတွင် ယုတ်လျှော့ ကျဆင်းသွားခြင်းမျိုးမရှိဟု လုံရှင်းရှောင်က သုံးသပ်သည်။အမှန်ဆိုသော် သူ့၏ သိုင်းပညာက ပို၍ ပင် တိုးတက်လာသေး၏။ရှယိုယု သည် သိုင်းပညာ ၌ များစွာခုံမင်သလို သားနှစ်ယောက်သာရှိသည်။အင်ပါရီယာ နန်းတွင်း၌ များစွာသော မောင်းမ၊မိဿံ များရှိလေရာ ထို ငယ်ရွယ် ပျိုမြစ်၊ 16 နှစ်အရွယ် ကုမ္မာရီလေးများကိုစိတ်မ၀င်စား ခြင်းသည် မည်မျှ ခိုင်မာသည့် စိတ်ဓာတ်ကို ပိုင်ဆိုင်ထားလေသနည်း။
လုံရှင်းရှောင်က သူ့၏ ချစ်လှစွာသော သားလေးသည် ရှယိုယုနှင့် ယှဉ်မတိုက်ခိုက်နိုင်မည်ကို စိုးရိမ်နေသည်။သို့ဖြစ်၍ သူသည် လက်ရှိသူနှင့်တိုက်ခိုက်နေသော ပြိုင်ဘက်နှစ်ဦးကို မြန်မြန် လက်စတုံးပြီး လုံချန်ကို သွားကူညီရန် ဆုံးဖြတ်လိုက်၏။လုံချန်သည် စွမ်းအားကြီးသည်၊မြေကမ္ဘာ သိုင်းအမျိုးအစားကို ဆက်တိုက်အသုံးပြု၍ လူအများကို အံ့အားသင့်စေခဲ့သည်ကား မှန်သည်။သို့ရာတွင် ငယ်လွန်းသေးသည်။သူသည် ယခုမှ သွေးနှောအဆင့်သို့သာ ရောက်သေးသည့် သိုင်းသမားတစ်ယောက်ဖြစ်သည်။
မြေကမ္ဘာ အမျိုးအစားသိုင်းများကို လုံချန် မည်သို့ဆက်တိုက် အသုံးပြုနိုင်သည်ကို သူမသိ။သို့သော်မည်သို့ပင်ဖြစ်စေ အနှီ သိုင်းများကို ဆက်တိုက်အသုံးပြုလျှင် ချီဓာတ်များစွာကုန်သည်။ကျင်ကျီ သိုင်းသမား များပင် မခံနိုင်ပေ။ထိုအချက်ကား လုံရှင်းရှောင် အစိုးရိမ်ရဆုံးအချက်ပေတည်း။
ဝုန်း.....
ဝူအမတ်ကြီးနှင့် အခြားကျင်ကျီသိုင်းသမား တစ်ယောက်က လုံရှင်းရှောင်၏ တိုက်ခိုက်မှုကို စုပေါင်းခုခံလိုက်သော်ငြား ၎င်းတို့၏ အတွင်းအဂါင်္အစိတ်အပိုင်းများက ပြင်းပြင်းထန်ထန်လှုပ်ရှားသွားကြ၏။နှစ်ယောက်စလုံး တုန်တုန်ယင်ယင်ဖြစ်နေကြသည်။သူတို့သုံးယောက် ပေါင်း၍ တိုက်ခိုက်ခဲ့စဉ်ကပင်လုံရှင်းရှောင်ကို ထိန်းထားနိုင်ရုံသာ ရှိခဲ့ရာ ယခု ယင်အမတ်ကြီးသေသွားသည့်အခါတွင် လုံရှင်းရှောင်၏ တိုက်ခိုက်မှုကို ၎င်းတို့မခံနိုင်ကြတော့ပေ။
ကံဆိုးသည်မှာ ၎င်းတို့အတွက် ဆုတ်လမ်းမရှိချေ။အခြေ အနေ သည် ရှေ့တိုး လှည်းရိုး၊နောက်ဆုတ်လှည်းတုတ် ဆိုသကဲ့သို့ဖြစ်နေရာ နောက်ဆုတ်ရင် လည်း သေလမ်းသာရှိသည်။ယင်းအတွက်ကြောင့်တစ်ခုသော ရွေးချယ်စရာသည် လုံ ၏ တိုက်ခိုက်မှုများကို တောင့်ခံထားရန်သာဖြစ်သည်။ထို့ပြင်၎င်းတို့က မဟာရှမှသိုင်းသမားများသည် လုံချန် ကို လက်စမြန်မြန်တုံးပြီး ၎င်းတို့ကို လာကူညီနိုင်သည်ဟု မျှော်လင့်ချက်မှိန်မှိန်လေးလည်း ရှိထား၏။
(လုံဟူသည် လုံရှင်းရှောင်ကို အတိုချုံ့ထားခြင်းသာ ဖြစ်ပါကြောင်း)
ရှယိုယု၏ လှံဖျားကိုကြည့်ကာ လုံချန်လည်း မိမိကိုယ်ကို အလွန်အမင်းမယုံကြည်ရဲချေ။
ဝုန်း....
လှံနှင့်ဓားရှည်ကြီး ခုတ်မိလျှင် နှစ်ဖက်လုံးနောက်သို့ ခြေလှမ်းအတော်များများဆုတ်သွားကြရ၏။နှစ်ဖက်စလုံးက အံ့သြဟန် ဖြင့် ကြည့်မိကြလေသည်။အဖိုးတန် အ၀တ်အစားများ ၀တ်ဆင်ထားသည့်ထိုလူသည် ဤမျှ အစွမ်းထက်လိမ့်မည်ဟူ၍ လုံချန် ထင်မထားမိခဲ့ချေ။ခွန်အားခြင်းယှဉ်လျှင် ထိုလူနှင့်သူ လက်ရည်တူ တိုက်ခိုက်နိုင်နေသည်။
သွေးနှောအဆင့်သို့ သူ ရောက်သည်မှ အစပြုကာ သူ့၏ သွေးနှင့် ချီ ဓာတ်သည်ပေါင်းစပ်သွားခဲ့သလိုသူ့၏ ခွန်အားသည်လည်း များစွာတိုးတက်လာခဲ့၏။သူ့အနေနှင့်မူ ယင်အမတ်ကြီးလို ကျင်ကျီသိုင်းသမား တစ်ယောက်ကိုပင် မျက်စိထဲထည့်စရာမလိုချေ။သို့သော် ရှယိုယုကား သူ့၏ ဓားကို လုံးဝတားဆီးထားနိုင်ပါ၏။ထိုလူသည် ယင်အမတ်ကြီးထက်များစွာပို၍ အစွမ်းထက်ကြောင်း လုံချန်ပြောနိုင်ပါ၏။
"ကောင်းလိုက်တာ ဒီနှစ်တွေအတွင်းမှာ လုံကလွဲရင် မင်းဟာ ငါ့ရဲ့တိုက်ခိုက်မှုကို တောင့်ခံထားနိုင်တဲ့ ပထမဆုံးသူတစ်ယောက်ပဲ" ရှယိုယုက ထုံကျင်သွားသည့် လက်မောင်းတစ်ဖက်ကို ခါယမ်းလိုက်ရင်း ပြော၏။ရှယိုယုသည် မင်းတစ်ပါးဖြစ်သည့်တိုင်အောင် သိုင်းပညာတွင် များစွာခုံမင်လိုက်စားခဲ့သူဖြစ်သည့်အတိုင်း ခွန်အားမှာ သူမတူအောင် သန်မာသူဖြစ်၏။
သူ့ဘ၀၌ သူနှင့်အဆင့်တူခြင်းတွင် လုံမှလွဲ၍ မည်သူတစ်ဦး၊တစ်ယောက်သည်မှ သူပြိုင်ဘက်မဟုတ်ပါပေ။တစ်ကယ်တမ်းတွင် ပြည့်ရှင်မင်းတစ်ပါး ဖြစ်လာခဲ့ရခြင်းမှာလည်း သူ့၏ စွမ်းအားကြီးသော လက်သီးများကြောင့်ဆိုလျှင် မမှားချေ။လုံချန်၏ တိုက်ခိုက်မှုကြောင့် သူ့လက်တစ်ဖက် ထုံကျင်သွားရာတွင်ရှယိုယုက အတော်ကလေးအံ့အားသင့်မိသည်။သို့သော် အားနည်းချက်ကို မပေါ်စေရန်အလို့ငှာ ယုံကြည်ချက်ရှိဟန်ဖြင့် ခပ်ကြွားကြွားကလေးပြောလိုက်ခြင်းပင်။
"ဒါဟာ ခင်ဗျားအစွမ်းထက်လွန်းတယ်လို့မဆိုလိုဘူး ခင်ဗျားဟာ လောကကြီးကို မမြင်ဖူးတဲ့ ရေတွင်းထဲက ဖားတစ်ကောင်သာသာဖြစ်နေခဲ့တာပဲ" လုံချန်က မထီမဲ့မြင်ဟန်ဖြင့်ပြော၏။သူသည် အမှန်တစ်ကယ် အစွမ်းမထက်ပါပဲလျှက် ဤကဲ့သို့ အကြွားထူသူများကို မုန်းလှသည်။
"ကောင်လေး မင်းမှာ ဘယ်လောက်အစွမ်းအစတွေ ရှိလည်းဆိုတာကိုကြည့်ရအောင်" လုံချန့်စကားအတွက် ရှယိုယု ဒေါသထောင်းကနဲထွက်သွား၏။လူအများရှေ့မှောက်၌ သူ့လို ပြည့်ရှင်မင်းတစ်ပါးကဤသို့ အပြောခံရခြင်းမှာ များစွာအရှက်ရစေသည်။လုံချန်ကို သူက လှံဖြင့် ပစ်လိုက်သည်။လှံထိပ်တွင်ကြာပန်း ပုံစံလေးရှိရာ ၎င်းကြာပန်းပုံစံလေးသည် ပွင့်အာ၍ ကြာပွင့်တစ်ပွင့်ကဲ့သို့ ဖြစ်လာပြီး လုံချန်ထံပြေးဝင်လာသည်။
ယခင်က တိုက်ခိုက်မှုသည် လုံချန်၏ သိုင်းပညာကို စမ်းသပ်ရုံသာဖြစ်၏။သူသည် အပြင်ပိုင်းတွင် မာန်တင်းနေရသလောက် စိတ်ထဲတွင်ကြိတ်စိုးရိမ်နေသည်။ထို့ကြောင့် ယခုတစ်ကြိမ်တစ်ခိုက်မှုသည်သိုင်းပညာအပေါ်တွင် မူတည်တော့မည်ဖြစ်လေသည်။လှံသည် ထောင်ပေါင်းများစွာသော ကြာပန်းပုံရိပ်များအဖြစ်သို့ပြောင်းသွား၏။ထိုပုံရိပ်များထဲတွင် လှံအစစ်တစ်ချောင်းသာရှိရာ မှားယွင်းခန့်မှန်းမိလျှင် သေမည်သာဖြစ်၏။ထိုသိုင်းပညာကား သူ့၏ အကောင်းဆုံးသိုင်းပညာလည်းဖြစ်သည်။
ရှယိုယု တိုက်ခိုက်သည်နှင့်ကျင်ကျီ သိုင်းသမားနှစ်ယောက်ကလည်း တစ်ပြိုင်တည်း လိုလို တိုက်ခိုက်ကြသည်။ကျင်ကျီသိုင်းသမား သုံးယောက် တစ်ပြိုင်တည်း တိုက်ခိုက်သည်ကို ကြည့်ကာ လုံချန်၏ မျက်ဝန်းများသည် စိတ်လှုပ်ရှားမှုကြောင့် အရောင်တစ်လက်လက်တောက်ပလာသည်။
"လေပွေဓား"
ကြုံးဝါးသံနှင့်အတူ လုံချန်က ဓားကို ပတ်ချာလည်လှည့်သည်။ချီလှိုင်းများသည် တစ်ဖြတ်ဖြတ်ရိုက်ခတ်၍ ကောင်းကင်ထက်သို့ တက်ရာမှ မုန်တိုင်းတစ်ခုကဲ့သို့ဖြစ်လာ၏။အဆိုပါမုန်တိုင်းကြီးထဲတွင် ဘာတွေဖြစ်နေသည်ကို မည်သူမှ မသိကြ။ရုတ်တရက် မုန်တိုင်းထဲမှ ပေါက်ကွဲသံကြားရ၏။ပေါက်ကွဲသံသည် ပထမတွင် တစ်သံသာ ကြားရာမှ ဆင့်ကာ ဆင့်ကာ ထွက်လာပြန်သည်။
ရုပ်ပျက် ဆင်းပျက် ဖြစ်နေသောလူသုံးယောက်လွင့်ထွက်လာကြ၏။ရှယိုယု နှင့် အခြားနှစ်ယောက်ကိုမြင်လျှင် လူတိုင်းအံ့အားသင့်ကုန်ကြသည်။ရှယိုယုသည် သူ့၏ လှံဖြင့် မြေကြီးထောက်၍ အရှိန်ထိန်းလိုက်သည့်တိုင်အောင် နောက်သို့ အတော်များများ တရွတ်ဆွဲ၍ ပါသွားသေးသည်။သူ့မျက်နှာသည် နီရဲနေပြီး ဒဏ်ရာ ရသွားပုံပင်။
အခြားနှစ်ယောက်မှာမူ ရှယိုယုလောက်ပင် သိုင်းပညာ၌ အဆင့်မမြင့်သည်ဖြစ်လေရာ နောက်သို့ မီတာတစ်ရာခန့်လွင့်သွားပြီးမှသာ ရပ်သွားလေသည်။လုံ၏ လက်ချက်ဖြင့် နှာခေါင်းမရှိသည့် ကျင်ကျီသိုင်းသမားတစ်ယောက်မှာမူ သွေးများ တစ်ဝေါ့ဝေါ့ ထိုးအန်ကာ သတိမေ့သွားလေသည်။
မုန်တိုင်းက နောက်ဆုံးတွင် ရပ်သွားချေပြီ။လုံချန်ကို မြင်လျှင် လူများမှာ အသက်ရှုရန်ပင် မေ့နေကြ၏။ပထမတွင် သူသည် ကျင်ကျီသိုင်းသမားတစ်ယောက်ကို သိုင်းသုံးကွက်ဖြင့် အသေသတ်ခဲ့ရာမှ ယခုတစ်ခါတွင်လည်း ကျင်ကျီသိုင်းသမားသုံးယောက်ကို တစ်ချက်တည်းဖြင့် ရှုံးနိမ့်စေလိုက်ပြန်ပြီဖြစ်သည်။ဝတ်ရုံဖြူက ခပ်လှမ်းလှမ်းမှ နေ၍ လုံချန်ကို အံ့အားသင့်ဟန်ဖြင့်ကြည့်နေသည်။လုံချန်၏ တိုက်ခိုက်ပုံသည် သူ့၏ ဂိုဏ်းမှ မဟာ သိုင်းအကျော်အမော်ကြီးများကို သတိရသွားစေသည်။
သူသည် ဂိုဏ်းတွင်အပြင်စည်း ဂိုဏ်းသားတစ်ယောက်သာဖြစ်၏။ယခုတစ်ကြိမ်တွင် ပေးအပ်ထားသည့်တာဝန်အောင်မြင်လျှင် အတွင်းစည်းဂိုဏ်းသားအဖြစ်သို့ အဆင့်တက်မည်ဖြစ်လေရာ သူ့အတွက် ကံကောင်းမှုကြီးဟု ပြောရမည်။အတွင်းစည်း ဂိုဏ်းသားဖြစ်လျှင် အကြီးအကဲများ နှင့် တိုက်ရိုက် သိုင်းသင်ခွင့်ကို ရရှိမည်။အတွင်းစည်း ဂိုဏ်းသားများအထက်တွင် ပင်မ ဂိုဏ်းသားများရှိ၏။
ထိုဂိုဏ်းသားများမှာ အဆင့်တူခြင်းတွင် ပြိုင်ဘက်ကင်းများဖြစ်ကြလေသည်။၎င်းတို့၏ သူမတူသောခွန်အားနှင့်ပါရမီ ကောင်းပုံမှာ အခြားသူများ မနာလို၍ ရူးသွားလောက်ပေသည်။လုံချန်သည် ယခုမှသွေးနှောအဆင့်သာ ရှိသေးသည်ကို သူသိသည်။သူ့၏ ပါရမီနှင့်ဆိုလျှင် အဆိုပါ မဟာသိုင်းအကျော်မော်ကြီးများဖြင့် အသာလေး ရင်ဘောင်တန်းနိုင်သည်။
သူသည် လုံချန်ကို အံ့အားသင့်သလို မသက်မသာလည်း ခံစားမိသည်ပင်။ဤသို့ဖြစ်ချင်းမှာ မနာလိုခြင်းကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည်။ဂိုဏ်းတွင် အတွင်းဂိုဏ်းသားတစ်ယောက်ဖြစ်လာရန်မှာသူ့၏ရည်ရွယ်ချက်ဖြစ်၏။ပင်မဂိုဏ်းသားဖြစ်ဖို့ရန်မှာမူ မစဉ်းစားဝံ့သော ကိစ္စဖြစ်နေသည်။သို့သော် သူ့ဂိုဏ်းသည် လုံချန် အကြောင်းကိုသာ သိလျှင် မည်မျှပင် တန်ဖိုးကြီးကြီးပေးဆပ်ရသည်ဖြစ်စေ ဂိုဏ်းသို့ဝင်စေရန် အစွမ်းကုန်ကြိုးစားမည်ဖြစ်ကာ ပင်မဂိုဏ်းသားအဖြစ်သို့ချက်ချင်း တိုးမြှင့် ပေးမည်ကြောင်းသူသိသည်။
ဝတ်ရုံဖြူ၏ မျက်ဝန်းတွင် အလင်းတစ်ချက်ဖြတ်ပြေးသွားသည်။လုံချန်သေရမည်။အကြောင်းမှာ လုံချန်သည် နယ်ရုပ် တစ်ရုပ်ဖြစ်ခြင်းကြောင့်သာမဟုတ် အခြားသော မဟာ သိုင်းအကျော်အမော်တစ်ယောက်ပေါ်ပေါက်လာမည်ကို လည်း သူမလိုလားသောကြောင့်ဖြစ်သည်။လုံချန် လေပူကြီး မှုတ်ထုတ်လိုက်သည်။၏
လေပွေဓားသည် လွန်စွာအစွမ်းထက်သော်လည်း အလွန်မောပန်းစေသည်။ဤသိုင်းပညာသည် ရှချန်ဖုန်း၏ သိုင်းကျမ်းမှ သူ ဆင့်ပွားတီထွင်ထားခြင်းဖြစ်သည်။ထို့ကြောင့်သူသည် အဆိုပါသိုင်းပညာကို ယခင်က အသုံးပြုဖူးခြင်းမရှိပဲ ယခုမှ ပထမဆုံးအကြိမ်အသုံးပြုခြင်းဖြစ်၏။
လုံချန်က မြေပြင်တွင် ခြေတစ်ချက်စောင့်၍ ရှယိုယုထံပြေးဝင်သွားပြန်၏။တိုက်ပွဲသည် မပြီးသေးပေ။ရှယိုယုမှာ ယခင်တိုက်မှုကြောင့် မူးဝေနေတုန်းပင် ရှိရာမှ လုံချန်၏ တိုက်ခိုက်မှုကိုမြင်လျှင် အလန့်တစ်ကြားဖြစ်သွားလေသည်။လုံချန်ကား ဘယ်တော့မှ မမောပန်းတတ်သည့် သတ္တ၀ါတစ်ကောင်ပေလား။သူက အသက်ကို ပြင်းပြင်းရှု၏။
အကယ်၍ သူသာ စွမ်းအားကို အကုန်ထုတ်မသုံးလျှင် ကိစ္စပြတ်ပြီဆိုတာကို သူသိသည်။သူ့၏ ခန္ဓာကိုယ်မှ ချီစွမ်းအင်သည် လှံဖျားတစ်လျှောက်စီးဆင်းလျှက်ရှိသည်။သူနင်းထားသည့် မြေကြီးသည် အက်ကြောင်းလိုက်၍ အက်ကွဲလာ၏။လုံချန်ပိုင်းချလိုက်သည့် ဓားကို သူသည် လှံဖြင့် ဆီးကြိုကာလိုက်ရာနာမခံသာအောင် ထွက်လာသော ၀ုန်းကနဲ အသံကြီးနောက်တွင် ပတ်ဝန်းကျင်လေထုသည် ကထော့ထိုး၍ လေပွေများပမာ လည်လာ၏။
"ကမ္ဘားဖြို လှံ"
ဤကား ရှယိုယု၏ အဆင့်အမြင့် ဆုံးတိုက်ကွက်လည်းဖြစ်သည်။လုံချန်၏ အနီးတစ်ဝိုက်သို့ ကြောက်မက်ဖွယ်ရာ အရောင်အ၀ါ တစ်မျိုးက ဖုံးလွှမ်းသွားသည်။သူသည် ရှယိုယု ကို မည်သည့်အခါကမှ လျှော့မတွက်ထားခဲ့သလို ဤမျှလောက် အစွမ်းထက်လိမ့်မည်ဟူ၍ လည်းထင်မထားခဲ့ပေ။ထိုသိုင်းကွက်သည်သူ့ အသက်ကို လုံးဝခြိမ်းခြောက်ထားနိုင်ပါ၏။
သူ့၏ ဖုန်ဖူကြယ်သည် လည်ပတ်လာပြီး ချီဓာတ်သည် ခန္ဓာကိုယ်၏ အမှတ်များသို့ တစ်ဆင့်ခြင်းတက်လာသည်။ဓားရှည်ကြီးထက်၌ ထူးဆန်းသည့် အလင်းရောင်တစ်မျိုးလည်း လင်းလာလေသည်။
"ဒါဆိုလည်း နောက်ဆုံးအကြိမ်အဖြစ်တိုက်ခိုက်ပြီး အနိုင်ရသူကို ဆုံးဖြတ်ကြတာပေါ့"
ချစ်ခြင်းများစွာဖြင့်....

MK AUNG

စာရေးဆရာ၏ ကြိုးစားအားထုတ်မှုကို တစ်ဖက်တစ်လမ်းမှ တတ်နိုင် သ လောက်လေး ကူညီချင်သည်ဆိုပါက Telenor

09793864311 နှင့် MPT 09421123207 သို့ဆက်သွယ်၍

စေတနာ ရှိသ လောက် PH BILL လေးများ လျူဒါန်း နိုင်ပါသည် ခင်ဗျာ


Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now