ကျွန်မရဲ့လူ

207 22 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၈၄)ကျွန်မရဲ့လူ

မျက်လုံးများကို သူ ခပ်ဖြေးဖြေးဖွင့်လိုက်သည်။အချိန်ပင်ဘယ်လောက်ကုန်သွားပြီမှန်း သူ မသိ။သို့သော်
အလင်းရောင်လေးကို မြင်ရသောကြောင့် စိတ်အေးရသည်။သူ့ အသက်ရှင်သေးသည်။

ကုတင်တစ်ခုပေါ်တွင် သူရောက်နေခြင်းဖြစ်သည်။ကုတင်သည် သစ်သားဖြင့်ခပ်ကြမ်းကြမ်းလုပ်ထား
သော်လည်း အိပ်ယာခင်းကို သပ်သပ်ရပ်ရပ်ခင်းထားကာ သင်းရနံ့တစ်ခုပင် မွှေးပျံ့နေသည်။သစ်သားဖြင့်
ဆောက်လုပ်ထားသည့် အခန်းတစ်ခန်းထဲ၌ သူရောက်နေသည်။အခန်းနံရံတွင် အကောင်မျိုးစုံတို့၏ သား
ရေများ လေး၊မြား အမျိုးမျိုးတို့အပြင် လှံအမျိုးမျိုးတို့ကို ချိတ်ဆွဲထားသည်။

ကုတင်နှင့် မနီးမဝေး၌ မီးဖိုးတစ်လုံးလည်းရှိရာ ထိုမီးဖိုးမှ အနွေးဓာတ်ရနေ၏။ဆန်ကို ချက်ပြုတ်ထားသည့်
အနံ့က လှိုက်ကနဲတက်နေသည်။

ကျွီကနဲ အသံနှင့်အတူ သစ်သားအိမ်လေး၏ တံခါး ပွင့်လာသည်။အထဲကို ၀င်လာသူက ဆယ့်ခြောက်
နှစ်ခန့်သာ ရှိပုံရသည့် မိန်းမပျိုလေး တစ်ယောက်။သူမသည် ပိန်ပိန်ပါးပါးဖြင့် အရပ်လည်း ရှည်သည်။
သူမ၏ ခြေ၊လက်များက တုတ်ခိုင်၍ အသားအရည်သည် ကျန်းမာရေးကောင်းဟန်ဖြင့်ပန်းနုရောင်
သမ်း လျှက်ရှိသည်။

သူမက ဆံပင်ကို မြင်းမှီးပုံလေး ချည်ထားသည်။မိန်းမပျိုလေးက လက်ထဲတွင် ကိုင်ထားသည့် ဘန်း
လေးကို ချကာ မီးဖိုးပေါ်မှ စွပ်ပြုပ်အိုးကို ခပ်မြန်မြန်ဖွင့်သည်။စွပ်ပြုပ်အိုးထဲသို့ တစ်ချက်ကြည့်ပြီး
မှ မိန်းမပျိုလေးက စိတ်ချဟန်ဖြင့် သက်ပြင်းလေးကို ချသည်။

"ကံကောင်းလို့ စွပ်ပြုပ်တွေ တူးကုန်တော့မလို့"

သို့သော် တစ်စုံတစ်ခုက သူမအားကြည့်နေသည်ဟုခံစားရသည်။ထို့ကြောင့် နောက်သို့လှည့်ကြည့်
ရာတွင်လုံချန်က သူမကို စိတ်ရှုပ်သည့် မျက်နှာဖြင့်ကြည့်နေသည်ကိုမြင်ရသည်။

"ရှင်နိုးလားပြီပေါ့ ကောင်းတယ်" မိန်းမပျိုလေးက သူ့ထံပြေးလာပြီး စိတ်လှုပ်ရှားစွာဖြင့် သိမ်းကြုံးဖက်
ထားလိုက်သည်။

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now