တောစောင့်နတ်

187 23 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၈၅)တောစောင့်နတ်

ရှောင်ဟွာက လုံချန်ကိုကြည့်ပြီးမှ အဘိုးကြီးမျက်နှာကို တစ်ချက်လှမ်းကြည့်သည်။

"ရှောင်ဟွာ....." အဘိုးကြီး မျက်မှောင်ကြုံ့သွားသည်။

"ဘိုးဘိုး လုံချန်က သမီးခင်ပွန်းပဲလေ သူလည်း ဒီရွာက ရွာသားတစ်ယောက်ဖြစ်လာတော့မှာပဲ
ဒီ အကြောင်းကိုသူလည်း သိရမှာပေါ့"

အဘိုးကြီး ထပ်မငြင်းတော့။ အခြားရွာသားများမှာ စွပ်ပြုတ်ပန်းကန်များကိုယူကာ ၎င်းတို့၏ အိမ်များသို့
ခပ်မြန်မြန် ပြန်ကုန်ကြသည်။ထိုသို့ဖြင့် သူတို့သုံးယောက်သာကျန်ခဲ့ကြ၏။

"အဲ့ဒိ မှော်သားရဲကို ယစ်ပူဇော်လိုက်ရတယ်" ရှောင်ဟွာက ရှင်းပြသည်။

"ယစ်ပူဇော်ရတယ်" ထိုအရာမျိုးကို လုံချန် ယခုမှပင်ကြားဖူးသည်။

"ဟုတ်တယ် ရှင့်ဒဏ်ရာတွေက သိပ်ပြင်းထန်တာလေ သေမလိုပဲ ကျွန်မတို့အတွက်ရွေးချယ်စရာမရှိ
ခဲ့ဘူး ရှင့်ကိုတောစောင့်နတ်စီကိုပို့ပေးမှရမှာ တောစောင့်နတ်က ရှင့်ကိုကုသပေးတယ် ဒါပေမယ့်
မှော်သားရဲကို ယစ်ပူဇော်ပေးခဲ့ရတယ် ဒါ့ကြောင့် သုံးရက်အတွင်း ရှင့်ဒဏ်ရာတွေ လုံးဝကောင်းသွား
တာပေါ့"

နတ်ဘုရားများသည် ဤလောက၌ အမှန်ပင်ရှိသလော။ထိုအရာသည် သူ့၏ နားလည်မှုမှ လွဲထွက်နေ
သည်။

"ဒါတင်မကသေးဘူး ရှင့်ဒဏ်ရာတွေက သိပ်ပြင်းထန်လွန်းသော တစ်ရွာလုံးက သိုမှီးထားတဲ့
အသားတွေကိုပါ တောစောင့်နတ်ကို ပေးလိုက်ရတယ် ရွာသားတွေပေါ်တင်နေတဲ့ ကျွန်မ
တို့ရဲ့အကြွေးတွေကို အမဲလိုက်ပြီး နည်းနည်းချင်း ပြန်ဆပ်ရမယ်"

ထိုအခါမှ ရွာသားများ၏ စွပ်ပြုပ်ပန်းကန်များတွင် အဘယ့်ကြောင့် စွပ်ပြုပ်မှာ မပါသလောက်ဖြစ်နေ
သည်ကို လုံချန်ကနားလည်းသွားသည်။ရွာသားများကား သူ့ကြောင့် မ၀ ရေစာသာစားနေရပေပြီ။
လုံချန် စိတ်မကောင်းချေ။

"လုံချန် ဒီ အကြောင်းတွေကို ရှင်းပြနေလို့ ကျွန်မကို ကျေးဇူးတင်စရာမလိုဘူး ဘာ့ကြောင့်လည်း
ဆိုတော့ ရှင်လည်း ကျွန်မတို့ရွာရဲ့ ရွာသားတစ်ယောက်ဖြစ်နေပြီမို့လို့ပဲ ဒါ့ကြောင့် ဒီအကြောင်း
တွေကို ရှင်လည်းသိသင့်တယ်လို့ကျွန်မထင်တယ်" ရှောင်ဟွာက ခပ်တိုးတိုးပြောသည်။

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now