လူသတ်ကွင်း

185 22 1
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၉၅)လူသတ်ကွင်း

ဖီးနစ်အင်ပါယာ မြို့တော်ကား အမြဲလိုပင် ခံ့ညားထည်ဝါစွာတည်ရှိနေခဲ့သည့် မြို့တော်ကြီးဖြစ်သည်။ဤ
မြို့တော်ကြီးသည် စစ်ဘေးကို အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသည်။သို့သော် ယနေ့တွင် မြို့တော်၏
လမ်းမမျာထက်တွင် ယခင်ကကဲ့သို့ လူအများဖြင့် စည်းကားမနေပဲ သုဿန်တစပြင် ကဲ့သို့ တိတ်ဆိတ်
နေသည်။ပတ်ဝန်ကျင်းကား တစ်စုံတစ်ခု ဖြစ်တော့မည့်ဟန်ဖြင့် ခြောက်ကပ်လျှက်ရှိ၏။

တစ်လဆိုသည့် အချိန်လေးအတွင်းမှာပင် မြို့တော်သည် ယခင်ကနှင့်မတူ လုံးဝပြောင်းလည်းသွားခဲ့၏။ပထ
မတွင် ရှချန်ဖုန်း အသတ်ခံရသည် ဆိုသည့်သတင်းသည် အင်ပါယာ တစ်ခုလုံးကို ပွက်လောရိုက်သွားစေ
သည်။သို့ရာတွင် လူများကို ပို၍ အုတ်အော်သောင်းတင်းဖြစ်သွားစေသည့် သတင်းမှာ ရှချန်းဖုန်းအား
သတ်သူမှာ ဖီးနစ်အင်ပါယာ၏ လူငယ်မျိုးဆက်သစ်များတွင် ထိပ်တန်းပါရမီရှင် တစ်ယောက် ဟုသတ်
မှတ်ခံထားရသော လုံချန်ဖြစ်သည် ဆိုသည့်သတင်းကြောင့်ဖြစ်၏။

ရုပ်မြင်ကျောက်စိမ်းပြားမှ ပုံရိပ်များ မြို့တော်တွင်း၌ ပျံ့နှံ့လာလျှင် လူအများမှာ ပို၍ပင် အံ့အားသင့်ကြ
ရသည်။ထိုကျောက်စိမ်းပြားတွင် ကြည့်ရသော ရှချန်ဖုန်းကို လုံချန်သတ်လိုက်သည့် မြင်ကွင်းက သူ
တို့အသည်းထဲသို့ စွဲနေအောင် မှတ်မိနေခဲ့ကြ၏။အင်ပါယာ၏ ထိပ်တန်း ပါရမီ ရှင်တစ်ယောက်ဖြစ်သူ
လုံချန်သည် ယခုအချိန်တွင် အင်ပါယာ၏ နံပါတ်သစ် အလိုအရှိဆုံး ရာဇ၀တ်ကောင် တစ်ကောင်ဖြစ်
လာခဲ့ရသည်။

လုံမိသားစု အိမ်တော်တစ်ခုလုံး တစ်ညထဲနှင့်ထောင်သွင်း အကျဉ်းချခံလိုက်ရ၏။နောက်ထပ် ရက်အနည်း
ငယ်အကြာတွင် စစ်သားပေါင်းများစွာပါဝင်သည့် စစ်တပ်ကြီးတစ်တပ်သည် အင်ပါရီယာ မြို့တော်သို့ချီ
တက်လာသည်။အဘယ့်ကြောင့် စစ်တပ်ကြီးချီတက်လာသည်ကို မည်သူမှ မစဉ်းစားတတ် ဖြစ်နေချိန်၌
မဟာရှ၏ လက်ရွေးစင် ရဲမက်လေးထောင်ခန့်မှာ မြို့တော်ကို ၀ိုင်းထားလိုက်ပြီဖြစ်သည်။

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now