လေခွင်းသိုင်းသုံးကွက်

192 23 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၈၉)လေခွင်းသိုင်းသုံးကွက်

မျက်လုံးမှိတ်လိုက်သည့်အချိန်တွင် သူ့၏ သွေးထဲ၌ ချီဓာတ်ရောက်နေသည့်ကို လုံချန်သတိပြုမိသည်။
၎င်းသည် အလွန်တစ်ရာမှိန်သော်လည်း ကောင်းကောင်းသတိပြုမိနိုင်၏။

"သွေးနှောအဆင့်ကို ငါရောက်သွားပြီလား"

"ဒါဆိုရင် ကြယ်ကိုးလုံးသိုင်းပညာဟာ စွမ်းအင်စက်ကွင်း ဆယ့်သုံးခု စုံမှ နောက်တစ်ဆင့်ကို တက်တာ
ပေါ့"

သွေးနှောအဆင့် ဆိုသည်မှာ သွေးနှင့်ချီဓာတ်ရောသွားသည့်အဆင့်ဖြစ်သည်။ယခင် က သွေးသတ်
သတ် ချီဓာတ်သတ်သတ်ဖြစ်နေရာမှ ထိုအဆင့်သို့ရောက်လျှင် သွေးနှင့်ချီသည် ရောသွားကာ ချီဓာတ်
က သွေးထဲမှ အညစ်အကြေးများကို ဖယ်ထုတ်ပေးခြင်းဖြင့် ခန္ဓာကိုယ်လည်းများစွာသန်မာလာရသည်။

သွေးနှောအဆင့်သို့ တက်နိုင်သွားသည်ကြောင့် လုံချန်က အတော်လေးပျော်နေသည်။သူသည်ရုတ်
ချည်း ခွန်အားများ တိုးပွာလားခြင်းကို မခံစားရသော်လည်း သွေးထဲမှ အညစ်အကြေးများကုန်သည်
နှင့် သူ့ခွန်အားများ လျှင်မြန်စွာတိုးပွားလာမည်ဖြစ်သည်။ယခုလို သွေးနှောအဆင့်သို့ရောက်သွား
ချိန်တွင် ယင်အမတ်ကြီးကဲ့သို့ ကျင်ကျီအဆင့် သိုင်းသမားကြီးကိုပင် သူသည် ကောင်းစွာ စိန်ခေါ်
နိုင်ပြီဖြစ်သည်။

သွေးနှောအဆင့်သို့ရောက်ဖို့သည် အချိန်ပေးရသည်။လုံချန်တွင် စွမ်းအင်စက်ကွင်းဆယ့်သုံးခု ရှိပြီ
ဆိုစဉ်ကတည်းက သူ့၏ သွေးကို သန့်စင်ရန် သီးသန့်အာရုံစိုက်စရာမလိုပေ။ယင်းက သူ့၏ သိုင်းပညာ
တိုးတက်နှုန်းမှာ သာမာန်လူတစ်ယောက်ထက် ဆယ်ဆခန့်မျှ မြန်ဆန်နေသည်ဟု ဆိုလိုခြင်းဖြစ်သည်။

လုံချန် ယခု လုပ်ခြင်နေသည်မှာ သွေးသန့်စင်ရန်မဟုတ်ပဲ သူ့၏ ပြင်ပခန္ဓာကိုယ်ကို သန်မာအောင်ဖြစ်
သည်။သူ့လက်ထဲတွင် သိုင်းကျမ်းတစ်ခုရှိနေသည်။လုံချန်က ပြုံး၏။မြေကမ္ဘာသိုင်းကျမ်းသည် မည်မျှ
စွမ်းကြောင်း သူလေ့လာရဦးမည်။ဤအကြိမ်က မြေကမ္ဘာသိုင်းကျမ်းအမျိုးအစားကို သူ ပထမဆုံး
အကြိမ်အဖြစ်ရဖူးခြင်းလည်းဖြစ်သည်။

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now