သိပ်ချစ်ခဲ့ရပါသည် (သို့) လွမ်းမောဖွယ်ဇာတ်လမ်းလေးတစ်ပုဒ်

238 21 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၄၉)

"ဝေချိုင်နဲ့ငါ တစ်ယောက်နဲ့တစ်ယောက် ဘာ့ကြောင့်အမုန်းကြီးမုန်းနေရတာလည်းဆိုတာ
ကိုမင်းသိချင်လား"

လုံချန် အံ့အားသင့်နေသည်။မညာတမ်းဆိုရလျှင် သူသည် ထိုအကြောင်းကို သိပ်သိချင်နေမိသည်။သို့
ရာတွင် ဤသို့သောကိစ္စမျိုးဆိုသည်မှာ မေးလို့ကောင်းသည့်ကိစ္စမျိုးမဟုတ်ပေ။ယခုကဲ့သို့ ယွမ်ချီ၏
နှုတ်မှ ဖွင့်ပြောလာသည့်အခါတွင်မူ သိချင်လျှက် လက်တို့ဆိုသကဲ့သို့အဆင်ပြေလှတော့သည်။

ယွမ်ချီသည် သူ့ဇာတ်ကြောင်းကို စတင်ပြောပြလေသည်။ဤတွင်မှ ယွမ်ချီ နှင့် ဝေချိုင်တို့သည် ဆရာတူ
ဆေးပညာသင်များ ဖြစ်ကြောင်း လုံချန်နားလည်လိုက်ပါသည်။၎င်းတို့၏ ဆရာသည် သူ့ဘ၀ သက်တမ်း
တစ်လျှောက်၌ တပည့်သုံးဦးကို လက်ခံခဲ့သည်။

ယွမ်ချီနှင့်ဝေချိုင်အပြင် မိန်းကလေးတပည့်တစ်ဦးလည်း ရှိခဲ့သည်။ထိုမိန်းကလေးသည် ယွမ်ချီ၏ သိပ်ချစ်ရ
သော ဇနီးသည် ဖြစ်လာမည့်သူကလေးပင်။ထိုမိန်းကလေး၏ ပန်းချီပုံတူအား ဆရာကြီးသည် သူ့ကို
ပြထားခြင်းကြောင့် လုံချန်မြင်ဖူးထား၏။ယွမ်ချီ၏ ဆရာမှာ အပြင်လောကနှင့် အဆက်အသွယ်
မလုပ်ပဲ ဆေးပညာ၌ အလွန်ထက်မြက်ကျွမ်းကျင် သူဖြစ်ရာ ဘ၀၏ နောက်ဆုံးအချိန်နီးကပ်လာ
သည် တွင်မှ တပည့်သုံးဦးကိုသာ လက်ခံခဲ့ခြင်းဖြစ်၏။

ထိုသုံးယောက်မှာ ဆေးပညာ၌ အလွန်အမင်းပါရမီပါကြသူများဖြစ်သည့်အတိုင်း ယွမ်ချီ၏ ပါရမီသည်
သုံးယောက်၌ အထက်မြက်ဆုံး အကောင်းမွန်ဆုံးဖြစ်သည်။ထို့ကြောင့်ပင် ဆရာကြီးသည် မည်သည့်ပ
ညာရပ်၌ မဆို ယွမ်ချီအား အသေးစိတ်သင်ကြားပေးခြင်းဖြစ်ချိမ့်မည်။

သို့သော်ငြား မနာလိုမရှုစိမ့်ဖြစ်မှုသည် လူ့သဘာဝ
ပင်ဖြစ်ရာ သာမည ဘ၀တွင်သာ မွေးဖွားကြီးပြင်းလာ
ရသည့်ဝေချိုင်သည် အခြားသူများထက်ပိုဆိုးသည်။ယွမ်ချီ့အပေါ်၌ သာမာန်ထက်ပို၍ ဆက်ဆံလေ့
ရှိသည့် သူ့ဆရာ၏ ခွဲခြားခြင်းအပြုအမူ များကို ဝေချိုင်အလွန်အမင်းခံရခက်သည်။နာကျည်းသည်။

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now