ကောင်းကင်ဘုံ၏ အပစ်ပေးခြင်း

191 24 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၈၈)ကောင်းကင်ဘုံ၏ အပြစ်ပေးခြင်း

ပိန်းပိတ်အောင်မှောင်လျှက်ရှိသည့် အမှောင်ထုထဲတွင် လုံချန်က တောင်တစ်တောင် ကိုတက်နေသည်။
လမင်းကြီးက ထိန်ထိန်သာလျှက်ရှိရာ မိုင်အတော်များများသို့ ပြတ်သားစွာမြင်နေနိုင်၏။ထိုအချိန်တွင်
လုံချန်က ယင်အမတ်ကြီး သူ့နောက်လိုက်နေမည်ကိုမစိုးရိမ်တော့။ဤနေရာက သူ့အတွက် သိုင်းကျင့်
ရန် အဆင်ပြေသည့်နေရာဖြစ်သည်။

တောထဲတွင်ရှိသည့်ချီစွမ်းအင်သည် မြို့၌ ရှိသည့်ချီစွမ်းအင်ထက်မျာစွာပိုများသည်။ယင်းအား အခွင့်
ကောင်းယူကာ နောက်ထပ်အဆင့် တစ်ဆင့်သို့ထပ်တက်ရန် သူသိုင်းလေ့ကျင့်ဖို့လိုသည်။
အခြားအတားအဆီးတစ်ခုတော့ဖြင့်လာချေပြီ ဟု လုံချန်ခံစားမိသည်။

တောင်ပေါ်သို့တက်သည့် လမ်းကား လွန်စွာမြင့်မားမတ်စောက်လေရာ လုံချန်က အခြားသားရဲ များ
၏ အန္တာရာယ်ကိုမစိုးရိမ်ချေ။လုံချန်က ကျောက်တုံးကြီး တစ်တုံးပေါ်တွင် တင်ပလ္လင်ခွေထိုင်ပြီး သူ့၏
စွမ်းအင်စက်ကွင်း ဆယ့်နှစ်ခုကို လည်ပတ်စေသည်။

ဗလာနယ်သည် ဖြတ်ကနဲ ဖြတ်ကနဲ တုန်လှုပ်ပြီး သူ့၏ ကျောနောက်ဘက်တွင် စွမ်းအင်စက်ကွင်းဆယ့်
နှစ်ခုပေါ်လာ၏။ဆယ်ဆင့်မြောက် ကောင်းကင်အဆင့်သို့ရောက်ပြီးသည်မှစ၍ ယခုအချိန်သည် သူ့၏
ကိုယ်တွင်းမှ စွမ်းအင်စက်ကွင်း ဆယ့်နှစ်ခုအား အပြင်သို့ ပထမဆုံးအကြိမ်အဖြစ် ထုတ်ယူခြင်းဖြစ်၏။

စွမ်းအင်စက်ကွင်း ဆယ့်နှစ်ခုမှာ ပတ်ဝန်းကျင်မှ ချီဓာတ်များကို အငမ်းမရစုပ်ယူကြတော့သည်။မိုင်ပေါင်း
များစွာမှ ချီဓာတ်များသည် တစ်ဖြေးဖြေးစုရုံး၍ လုံချန့်ထံသို့ ဦးတည်လာရာ ထူထဲလှသည်ဖြစ်သော
ကြောင့် သာမာန်မျက်စိဖြင့်ပင်မြင်နိုင်သည်။

ဝုန်း.....

ခြောက်နာရီခန့်ကြာလျှင် လုံချန်၏ ဖုန်ဖူကြယ်မှ ပေါက်ကွဲသံထွက်လာသည်။အကြောင်းမှာ စုပ်ယူ
ထားသောချီဓာတ်မှာ လွန်စွာများပြားလွန်းသဖြင့် ထိန်းထားနိုင်သည့် နယ်ကိုကျော်သွားခြင်းဖြစ်ကာ
နောက်အဆင့် တစ်ဆင့်သို့တက်သွားသည့် လက္ခဏာလည်းဖြစ်သည်။သို့သော် လုံချန်က စိတ်သိပ်
မလှုပ်ရှားချေ။ယခုမှ အစသာရှိသေးသည်ကို သူသိခြင်းကြောင့်ဖြစ်သည်။

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now