အ ကြွေး ၀ယ်ယူခြင်း

276 28 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်

ဆေးဆရာအသင်းကိုရောက်တာနဲ့ ဆရာကြီးယွမ်ချီရဲ့ ဆေးသန့်စင်တဲ့အခန်းကို လုံချန် တန်းသွားလိုက်
တယ်။ဒါပေမယ့် အတွင်းခန်း ကို ၀င်ဝင်ခြင်းမှာပဲသူ့ခြေလှမ်းတွေရပ်တန့်သွားပါတယ်။ဆေးဆရာအသင်း
ဟာအတွင်းခန်း နဲ့ အပြင်ခန်းရယ်လို့အပိုင်းကြီးနှစ်ပိုင်း ပိုင်းခြားထားတယ်။အတွင်းခန်းကိုတစ်ကယ့်ဆေး
ဆရာတွေသာဝင်လို့ရတာပါ။

နေက်ဆုံးတစ်ခါကလုံချန်အတွင်းခန်းကိုဝင်ခွင့်ရတယ်ဆိုတာက ဆရာကြီးယွမ်ချီ သူ့ကိုစမ်းသပ်မှုအတွက်
ခေါ်သွားခဲ့လို့ပါပဲ။ထို့ကြောင့်ပုံမှန်အတိုင်းဆိုရင် အတွင်းခန်းထဲကိုဆေးဆရာမဟုတ်သူတွေဝင်ခွင့်မရှိ
ပါဘူး။

"အတွင်းခန်းကို သာမာန်လူတွေဝင်ခွင့်မရှိပါ"

တံခါးစောင့်ကလုံချန်နဲ့အသက်သိပ်မကွာလောက်တဲ့လူငယ်တစ်ယောက်ဖြစ်နေတယ်။ထိုလူငယ်ဟာ
ဆေးပညာသင်တစ်ယောက်ရဲ့ဝတ်ရုံကိုဝတ်ထားပြီးသိပ်မောက်မာတဲ့ပုံပါပဲ။လုံချန်ကိုတောင်အထင်
သေးအမြင်သေးနဲ့ကြည့်လိုက်သေးတယ်။လုံချန်ခပ်ဖွဖွပြုံးရင်း ထိုလူငယ်လေးကို ကျောက်စိမ်းပြားတစ်
ပြားထုတ်ပြလိုက်တယ်။အဲ့ဒိနောက်တော့ အံ့အားသင့်နေတဲ့ အ စောင့်ရဲ့အကြည့်တွေအောက်မှာ
ပဲလုံချန်အတွင်းခန်းထဲဝင်သွားပါတော့တယ်။

လူငယ်လေးမျက်နှာပေါ်ကမြန်မြန်ဆန်ဆန်ပဲပျောက်ကွယ်သွားတဲ့မောက်မာဟန်တွေကိုမြင်တော့လုံ
ချန်နည်းနည်းကျေနပ်သွားသလိုခံစားမိတယ်။တစ်ချိန်လုံးအထင်သေးအမြင်သေးဘ၀နဲ့နေခဲ့ရသမျှအခု
တော့သူလက်မထောင်နိုင်ပြီပေါ့။ဒါပေမယ့်ဒီလိုအရေးမပါတဲ့ကိစ္စတွေနဲ့အချိန်ကုန်ခံနေလို့လည်းမဖြစ်
သေးတာကိုလုံချန်သဘောပေါက်ပါတယ်။

အတွင်းခန်းကိုရောက်တော့မှလုံချန်သူ့နဖူးသူဖြန်းနဲရိုက်မိလိုက်တယ်။ဟုတ်တယ်လေ။ဆေးဆရာကြီး
ယွမ်ချီဘယ်မှာလည်းဆိုတာကိုသူမေးဖို့မေ့သွားတယ်။လုံချန်စိတ်ညစ်နေတုန်းမှာပဲမိန်းမပျိုလေးတစ်
ယောက်ဖြတ်လျှောက်လာတာမြင်လို့ ဘာမှမစဉ်းစားနေတော့ပဲမေးလိုက်ပါတယ်။

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now