Ep-01

5.3K 119 0
                                    


#Unicode#


2 Years ago...

"တောက်"

မနက်စောစောစီးစီး ဧည့်ခန်းထဲခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း

"မင်းကွာ....ဒီလောက်နဲ့ဘာသုံးစားရမှာပြော"

အင်ပါယာတစ်ယောက်ညီဖြစ်သူရဲ့ ဆယ်တန်းအောင်စားရင်းကို ကြားသိရပြီး ဒေါသထွက်နေလေရဲ့

"ဘရားသား​ရာ....စောစောစီးစီးငေါက်ငမ်းနေရအောင် ကျွန်တော်ကျတာလဲမဟုတ် ဂုဏ်ထူးတောင်သုံးလုံးပါသေးတာကိုဗျာ"

"ဪ....မင်းက​အဲ့သုံးလုံးလောက်နဲ့ကျေနပ်နေတယ်ပေါ့​ဟုတ်လား"

"​မကျေနပ်လို့မှမရတာ ဇာတ်လမ်းကဒီမှာဆုံးနေပြီကို"

"မင်း....ခွပ်...."

အရှိန်ပြင်းပြင်းနဲ့ဆွဲထိုးလိုက်တဲ့အရှိန်ကြောင့် လူက​နောက်ပြန်ဖင်ထိုင်ရက်လဲကျမှ မေမေကထလာပြီး

"​ကဲ....စိတ်လျှော့​ပါတော့သားကြီးရယ်....သားငယ် အပေါ်တက်တော့"

"​ဟုတ်"

"​မေမေကလည်းဗျာ သုံးစားမရတဲ့ကောင်ကိုကာကွယ်မနေနဲ့ ဒီကောင်ကအလိုလိုက်မှန်းသိလို့ရောင့်တက်နေတာ"

မျက်မှောင်ကြီးကျုတ်ပြီး အလိုမကျစွာပြောဆိုနေတဲ့ သားဖြစ်သူကိုကြည့်ပြီး ဒေါ်သက်သက်တစ်ယောက်ပြုံးမိသည်

သားကြီးက သူ့လိုပဲ သားငယ်ကိုဆေးကျောင်းတက်စေချင် ဟိုတစ်ယောက်ကလဲ ကိုယ်တိုင်တောင်ဆေးထိုးမခံရဲ....ဆယ်တန်းတုန်းကလဲ ဆယ်တန်းမလို့ ဟော​ ခုအောင်စားရင်းထွက်လာပြန်တော့လဲ တကျက်ကျက်​ နေ့ရှိသ၍ ညီကိုနှစ်ယောက်မျက်နှာချင်းဆိုင်လိုက်တိုင်း ထထကိုက်နေတာ ပုံမှန်လိုဖြစ်နေတော့ ရိုးနေပြီ.....

"ဪ....မေမေ​ နေ့လည်အပြင်မသွားနဲ့ဦးနော် ကျွန်တော်အမေနဲ့တစ်စုံတစ်ယောက်ကိုတွေ့ပေးချင်လို့"

"အိုခေ မေမေသဘောပေါက်ပြီ"

အဟင်း....ခုတော့သူမဟုတ်သလိုပဲပြုံးဖီးလို့

အခန်းထဲမဝင်ပဲလှေကားရင်းမှာထိုင်နေတော့​ဧကရာဇ်​ အကုန်ကြားလိုက်သည်

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now