Part-1

107K 2.1K 27
                                    

📞📞📞📞📞📞
"သခင်လေး......သခင်ကြီးဆီက ဖုန်းလာနေပါတယ်"

"မင်းတို့ဘာသာ ပြောလိုက်တော့....ငါခနနားချင်နေပြီ"

"မရဘူး...သခင်လေး.....
သခင်ကြီးက သခင်လေးကို ဖုန်းပေးလိုက်ပါတဲ့"

"ပေး...ပေး.... အဲ့တာဆိုလဲ"
"Hello.....ဖိုးဖိုး"

"ထွန်းတောက်ဘုန်း....မင်းဘယ်လောက်တောင်ပင်ပန်းနေလို့လဲ.....စလုံးနဲ့ဒီကို... လေယာဉ်နဲ့ အေးအေးဆေးဆေး ပြန်လာရတာကိုများ....
ဘယ်လောက်ပဲ ပင်ပန်းနေပါစေဦး.....ပြန်ရောက်ရောက်ချင်း ကိုယ့်အဖိုးကို ဖုန်းဆက်ရမယ်ဆိုတာကို မင်းမသိဘူးလား......
အခုတော့ ငါကသာ မခေါ်ရင်......မင်းဘက်က ခေါ်ဖို့နေနေသာ.....ဖုန်းတောင်ပြန်မဖြေချင်ဘူးဆိုတော့.....မင်းငါ့ကိုရှိသေးတယ်လို့ရော..သဘောထားသေးရဲ့လား"

"ဟိုး...ဟိုး....ဟိုး ဖြေးဖြေးပြောပါ ဖိုးဖိုးရယ်....
ဖိုးဖိုးမောနေပါ့မယ်......ကျွန်တော်လည်း ရောက်ရောက်ချင်း....ဖိုးဖိုးဆီကိုပဲ လာမှာပါ...
အိမ်ရောက်ရင်လည်းတွေ့ရမှာပဲကို...အဲ့တာကြောင့် ဖုန်းမဆက်တာပါ"

"အဲ့တာဆိုရင်...မင်းငါ့ဖုန်းကို ဘာလို့ပြန်မဖြေချင်ရတာလဲ"

"ဟို...ဟို...အဲ့တာကကျတော့......
သြော် ကျွန်တော်က.....အိမ်ရောက်မှ ဖိုးဖိုးနဲ့သေသေချာချာ စကားပြောချင်တာလေ...အဲ့..အဲ့တာကြောင့်ပါ ဖိုးဖိုးရဲ့"

"ဆင်ခြေတွေချည်းပဲ.....
ဒါဆို....ငါဖုန်းချလိုက်ပြီ....မြန်မြန်ပြန်လာခဲ့
အိမ်ရောက်မှ မင်းနဲ့ရှင်းမယ်"ဆိုပြီး ဖုန်းချသွားတဲ့ တစ်ဦးတည်းသော ဆွေမျိုးရင်းချာဖြစ်တဲ့ ကျွန်တော့် ချစ်လှစွာသောဖိုးဖိုး "ဦးဘုန်းထွဋ်ခေါင်"

အသက်၇၀ကျော်လို့ မထင်ရအောင် သန်တုန်းမြန်တုန်း.....အခုချိန်ထိ လုပ်ငန်းတွေကို တစ်ယောက်ထဲ ဦးစီးလာတာ....ကျွန်တော့်မိဘတွေဆုံးသွားပြီးထဲက ကျွန်တော့်ကိုအဖေလိုရောအမေလိုရော အမြဲစောင့်ရှောက်ခဲ့တဲ့ ဖိုးဖိုးကို ကျွန်တော်အရမ်းချစ်ပါသည်။ အခုလဲ သူ့ကျန်းမာရေး မကောင်းတော့ဘူး...မသေခင် သူ့မြေးလေးနဲ့ အတူတူနေချင်တယ်.. သူ့လုပ်ငန်းတွေကိုလဲ ကျွန်တော့်ကိုလွှဲသွားချင်တယ် ဆိုပြီး....ကျွန်တော့်ကို ခနခနပြန်ခေါ်နေတာကြောင့် ကျွန်တော်လဲ ဖိုးဖိုးရဲ့ဆန္ဒကိုဖြည့်စည်းပေးချင်တာကြောင့် ပြန်လာခဲ့တာ။

မြန်မာနိုင်ငံကိုခုမှပြန်ရောက်ပြီး လေယာဉ်ကွင်းရှေ့က ဖိုးဖိုးလာကြိုခိုင်းထားတဲ့ ကားပေါ်ကိုတက်လိုက်ကာ ခနမှေးနေလိုက်တယ်။ ဖိုးဖိုးက သူ့ကျန်းမာရေးကို အကြောင်းပြပြီး သူ့လုပ်ငန်းတွေကို ဦးစီးဖို့ကို မလာမချင်း ပြန်ခေါ်နေတော့ ကျွန်တော်လည်း ဟိုကရှိတဲ့ အလုပ်မှန်သမျှကို လက်စသတ်ကာ မြန်မာပြည်ကို ပြန်လာခဲ့တယ်။ ရှိသမျှအလုပ်ကို အကုန်ပြီးပြတ်အောင်ဖြတ်ခဲ့ရတာကြောင့်ရယ် လေယာဉ်စီးပြီးလာခဲ့ရတာရောကြောင့် လူကလည်းနုံးချိချိနဲ့မို့ ခနလေးလောက်မှေးလိုက်ချင်တာကြောင့် ဖိုးဖိုးဖုန်းခေါ်တာကို မကိုင်ဘဲ နေလိုက်တော့ သူ့တပည့်တွေရဲ့ဖုန်းကို ခေါ်ပြီး ကိုယ့်ကိုဖုန်းပေးခိုင်းတယ်။အိမ်ရောက်လည်း တွေ့ရမှာပဲကို ပြန်မဖြေမချင်း ဖုန်းကိုပေးခိုင်းနေတာကြောင့် ကျွန်တော်လည်း
ပြန်ဖြေလိုက်တော့မှ ပြောချင်တာတွေပြောပြီး ဖုန်းချသွားတယ်။ ကျွန်တော်ခေါင်းမာတာ...ဖိုးဖိုးနဲ့ တူတာဖြစ်မယ်။

MY ONLY ONE (completed)Where stories live. Discover now