Part-17(Uni)

22.7K 1.5K 0
                                    

"ထွန်းတောက်...ဒီနေ့ နိုင်ငံခြားကဧည့်သည်တွေနဲ့တွေ့တာ အဆင်ပြေခဲ့လား..."

ကျွန်တော်တို့ညစာစားနေရင်း...အလုပ်ကိစ္စအကြောင်း မမေးစဖူးမေးလာတဲ့ ဖိုးဖိုး...
ကျွန်တော့်အဖိုးဆိုသည်မှာ အဲ့လိုပဲ...ကျွန်တော်ကပြောစရာမလိုဘဲ အကုန်သိနေတာ...

ဒီနေ့နိုင်ငံခြားဧည့်သည်တွေနဲ့တွေ့မယ့်ကိစ္စကိုလည်း...ကျွန်တော်ဖိုးဖိုးကို မပြောဖြစ်ဘူး...။
အဲ့တာကို ဖိုးဖိုးကသိနေတယ်..။
ဖိုးဖိုးသိတယ်ဆိုတာလည်း..အဆန်းတော့မဟုတ်ပါဘူးလေ...ဘာလို့ဆို companyမှာဖိုးဖိုးလူယုံတွေအများကြီးပဲရှိတာမို့...တစ်ယောက်မဟုတ်တစ်ယောက်ဆီကကြားတာပဲနေမှာ...

"အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်..."

"ပြေတယ်လို့ ပြောလို့ရပါတယ် ဆိုတာ ဘာစကားလဲ?...ပြေရင်ပြေတယ်...မပြေရင်မပြေဘူးပေါ့..."

"ဒီလိုပါ ဖိုးဖိုး...
စာချုပ်ချုပ်မယ့်ကိစ္စကို...သူတို့ချောင်းသာကိုသွားမှာမလို့ အဲ့မှာပဲ ချုပ်ချင်တယ်လို့ပြောပါတယ်...
အဲ့တာနဲ့ ကျွန်တော်လည်း..ကျွန်တော်တို့hotelမှာတည်းဖို့ပြောခဲ့ပါတယ်...
ကျန်တဲ့ကိစ္စတော့ ဟိုရောက်မှဆက်လုပ်မယ်..."

"အဲ့တာဆို...မင်းရော ချောင်းသာလိုက်သွားရမှာပေါ့..."

"ဟုတ်တယ်..ဖိုးဖိုး..."

"ဘယ်သူနဲ့သွားမှာလဲ?..."

"အတွင်းရေးမှူးမသီတာလည်းပါတယ်..."

"မိန်းကလေးနဲ့၂ယောက်ထဲ သွားလို့ဘယ်သင့်တော်ပါ့မလဲ?..."

"သူက အိမ်ထောင်ရှိတယ်..ဖိုးဖိုး..."

"ပြည့်လျှံပါလိုက်သွားလိုက်ပါလား.."

"ဗျာ..."  "ဗျာ..."

"ဟုတ်တယ်လေ...
မင်းတို့လက်ထပ်ပြီးထဲက honey moonမသွားရသေးဘူးမလား...
တစ်ခါတည်းသွားလိုက်ပေါ့..."

"အင်း...ဟုတ်သားပဲ...
အသေးလေးရောက်ဖူးလား...ချောင်းသာကို..."

"မရောက်ဖူးဘူး..."

"အဲ့တာဆို...လိုက်ခဲ့လေ..."

"ရပါတယ်...ကိုဘုန်းတို့ အနှောင့်အယှက်ဖြစ်ဦးမယ်...."

MY ONLY ONE (completed)Where stories live. Discover now