Part-18(Uni)

22K 1.5K 5
                                    

"အသေးလေး...မုန့်တွေအဲ့လောက်မစားနဲ့လေ...အန်ချင်ဦးမယ်..."

"ကျွန်တော်ထမင်းမစားခဲ့ဘူးလေ...
အဲ့တာကြောင့် ဗိုက်ဆာလို့..."

"ဟင်း......တော်ရုံပဲစား...အန်ချင်ဦးမယ်..."

"အင်းအင်း...ဒီတစ်ထုပ်ပြီးရင်တော်ပြီ..." လို့ပြောပြီး..လက်ထဲက အာလူးကြော်ထုပ်ကို နှိုက်စားနေတဲ့အသေးလေး...

ကားပေါ်စရောက်ထဲက...မင်းမြတ်တို့မသီတာတို့နဲ့ စကားပြောလာပြီး...စကားပြောလို့ဝတော့လည်း...ဘယ်ချိန်ကသွားဝယ်လာခဲ့လဲမသိဘူး မုန့်တွေအများကြီးကိ တစ်လမ်းလုံးဖောက်စားလာတယ်...။ သူပဲစားတာမဟုတ်ဘူး...ဘေးမှာထိုင်နေတဲ့ကျွန်တော့်ကိုပါ..လာလာခွန့်ကျွေးသေးတယ်...

စားလို့ဝတော့...ခေါင်းက တစ်ပတ်လည်ကာ..ငိုက်နေပြီ...။ ကျွန်တော့်ဘက်ကို ခေါင်းကရောက်လာလိုက်...ဟိုဘက်ကို ပြန်ရောက်သွားလိုက်နဲ့...တစ်ယောက်တည်း ယိမ်းထိုးနေတယ်...။ ကျွန်တော်လည်း ကြည့်မနေနိုင်တော့တာနဲ့...အသေးလေးခေါင်းကိုထိန်းလိုက်ပြီး..ကျွန်တော့်ပေါင်ပေါ်မှာတင်ပေးလိုက်တယ်...။

ကျွန်တော့်ပေါင်ပေါ်မှာ အိပ်နေရင်း...အသေးလေးခြေထောက်ကို ဆန့်ထုတ်ပြီးအိပ်ချင်နေတာမို့...ကျွန်တော့်မှာ ဘေးဘက်ကိုတိုးပေးလိုက်ရတယ်..။ အဲ့တော့မှ..သူကသူ့ခြေထောက်လေးကိုကွေးကာ..ကွေးကွေးလေးအိပ်နေတယ်..။ ကျွန်တော်လည်း နဖူးပေါ်ကျနေတဲ့သူ့ဆံပင်လေးကို..ဖွဖွလေးသပ်တင်ပေးလိုက်တယ်..။

"အဟက်...ကလေးလေးကျနေတာပဲ..."

"ထွန်းတောက်..ငါက မင်းကို ယောက်ျားယူထားတာထင်တာ...
မင်းက ကလေးတစ်ယောက်မွေးစားထားတာပဲ..."

"အဟက်...ဟုတ်တယ်...
ကလေးကြီးတစ်ယောက်မွေးစားထားရသလိုပဲ..." ဆိုပြိ်ီး ကားမောင်းနေတဲ့ မင်းမြတ်က ပြောလာတယ်...

"အင်းပေါ့...မင်းက မွေးပြီးစားတဲ့ မွေးစားဖေဖေကြီးပေါ့..."

"ဟာ...ဟျောင့်..မင်းတော်တော်အရှက်မဲ့တာပဲ..
မသီတာလည်း ရှိနေတာကို..."

"ရပါတယ် Boss...
ကျွန်မနားလည်ပါတယ်...
Bossက Bossအမျိုးသားကို တော်တော်ချစ်ပုံပဲနော်..."

MY ONLY ONE (completed)Where stories live. Discover now