Part-16

15.3K 778 6
                                    

  အခုဆို..ကျွန်တော်နဲ့ကိုဘုန်းရဲ့အခြေအနေက..တိုးတက်လာပြီလို့ပြောလို့ရတယ်...။ ကိုဘုန်းဘက်က ချစ်တယ်လို့မပြောသော်ငြား...ကျွန်တော့်အပေါ်ကိုတော့...ဂရုစိုက်ပါတယ်..။

ကျွန်တော်ကတော့..အင်း..ကိုဘုန်းကို ချစ်တယ်...။ ဘယ်ချိန်တည်းကလဲမသိပေမဲ့...ကျွန်တော် ကိုဘုန်းကို ချစ်တယ်..။ ကိုဘုန်းလည်း..ကျွန်တော့်ကို ချစ်လာလိမ့်မယ်လို့ ယုံကြည်တယ်..။ ကိုဘုန်းကလည်း..ကျွန်တော့်ကိုချစ်တယ်ဆိုရင်.. ကျွန်တော်တို့တသက်လုံးပျော်ပျော်ရွှင်ရွှင်နေသွားကြမယ်..ဟိဟိ...

"အသေးလေး...
ဟေ့...အသေးလေး..."

"ဟမ်.....ဗျာ.....
ကျွန်တော့်ကိုခေါ်လား...ကိုဘုန်း..."

အတွေးတွေလွန်နေတာ...ကိုဘုန်းခေါ်လိုက်မှပဲ..အတွေးကမ္ဘာထဲက လန့်နိုးလာတယ်..

"ဟုတ်တယ်...ဘာတွေတွေးနေတာလဲ?..."

ကုတင်ပေါ်မှာ...ပြုံးပြုံးကြီးငုတ်တုတ်ထိုင်ကာ...အတွေးတွေကလည်း ဘယ်ရောက်နေမှန်းမသိဘူး...မျက်လုံးလေးကလည်း ဖွင့်ထားတဲ့TVကို အသေကြ်ီးလိုကြည့်နေတဲ့ အသေးလေးက..ကျွန်တော်ခေါ်လိုက်မှပဲ..အယောင်ယောင်အနနနဲ့ ပြန်ထူးလာတယ်...

"ဘာမှမတွေးပါဘူး...ဒီလိုပါပဲ..."

"ဟင်း.....ပြီးရော...
ကိုယ့်ကိုခေါင်းသုတ်ပေးဦး..."လို့ပြောပြီး..ကုတင်ပေါ်မှာ ထိုင်ပြီး..အသေးလေးကို သဘက်ပေးလိုက်တယ်...

"အင်းအင်း..." ဆိုပြီး...ကျွန်တော်ထိုင်နေတဲ့နေရားနားလာထိုင်ပြီး..ဒူးထောက်ကာ..သဘက်နဲ့လာသုတ်ပေးနေတဲ့ အသေးလေး...

*ညခင်းဘက်ကြီးကို..ပူတယ်ဆိုပြီး ရေချိုးတဲ့အပြင်..ခေါင်းလျှော်လာတဲ့ကိုဘုန်း...ပြီးကျ ဖျားရင် ကိုယ်ပဲလုပ်ပေးရမှာ...ရောဂါကို ရှာကြံပြီးယူတယ်...။  သူပြောတော့ သူချိုးနေကျတဲ့...ပြောမရတော့လည်း မပြောဘဲနေလိုက်ပြီး..သူပြီးတဲ့အထိ TVကြည့်ရင်းစောင့်နေလိုက်တယ်...

ခေါင်းလျှော်လာရင်လည်း...ကိုယ့်ဘာသာ မသုတ်ဘူး..သူများပဲ လုပ်ပေးရတာ...
အသေးလေး အသေးလေးနဲ့ခိုင်းစားနေတာ...
ကြာတော့ ကိုယ့်နာမည်ကိုလွန်းပြည့်လျှံကနေ..အသေးလေးလို့ ပြောင်းလိုက်မလားလို့တောင် စဉ်းစားမိတယ်...

MY ONLY ONE (completed)Where stories live. Discover now