Part-33(Uni)

20.2K 1.3K 12
                                    

"သားလေးမွေးတာပါ..."

"Yesss!..ဟုတ်ပြီကွ..."

"တစ်ယောက်ထဲမဟုတ်ဘူး..မောင်ထွန်းတောက်..."

"ဗျာ...
အဲ့တာဆို..ဦးထွန်းပြောတာက..."

"ဟုတ်ပါတယ်..အမြွာပူးမွေးတာပါ..
ယောက်ျားလေးချည်းပဲ ၂ယောက်...
မောင်ထွန်းတောက်ရေ...မင်းတော့ရှာပေတော့ပဲ..."

"အဟက်..တကယ်ကြီး အမြွာပူးမွေးတယ်ပေါ့..
အား....ဖိုးဖိုး...ဖိုးဖိုး မြစ်၂ယောက်ရတော့မှာ...အဟက်.."

"အေး...မင်းလည်း ၂ယောက်စာပိုရှာရတော့မှာပေါ့..."

"အခုချိန်မှာ...အပျော်ဆုံးလူသားက..ကျွန်တ်ာဖြစ်ယ်ထင်တယ် ဖိုးဖိုး.."

"အေးပါကွာ...အဖိုးလည်း ဝမ်းသာပါတယ်...
သြော်..မောင်ထွန်း...ပြည့်လျှံလေးကို ဝင်ကြည့်လို့ရပြီလား..."

"ဟုတ်ကဲ့...အဖိုး...
မေ့ဆေးအရှိန်ကြောင့်..ခနတော့ မှေးနေဦးမှာပါ..ဝင်ကြည့်ချင် ဝင်ကြည့်လို့ရပါပြီ.."

"ဟုတ်ကဲ့...ဦးထွန်း...
ဦးထွန်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်နော်..."

"ရပါတယ်ကွယ်...
သွား..သွား...ပြည့်လျှံလေးအနားကို...
မျှော်နေရောပေါ့..."

"ဟုတ်...ဦးထွန်း.."

ဦးထွန်းကို နှုတ်ဆက်ပြီးတာနဲ့..အသေးလေးရှိတဲ့အခန်းကို ဝင်လာခဲ့လိုက်တယ်..။
အခုချိန်မှာတော့..ထွန်းတောက်ဘုန်းတို့က တက်ကြွတဲ့ကြက်ဖလိုပဲ..။
ကျွန်တော့်မျှော်လင့်ထားတဲ့အရာတွေမှန်သမျှ..အကုန်ဖြစ်လာပြီ..။

ကျွန်တော်အခန်းထဲရောက်တော့..အသေးလေးက မှေးနေတုန်းရှိသေးတယ်..။ ကျွန်တော်လည်း..အသေးလေးရဲ့ဘေးနားမှာသွားထိုင်ကာ..အသေးလေးရဲ့နဖူးလေးကို အသာနမ်းလိုက်တယ်..။

"အရာအားလုံးအတွက်..ကျေးဇူးပါအသေးလေး.."

"ဟင်...ကိုဘုန်း.."

"အင်း...အသေးလေး..
အဆင်ပြေရဲ့လား..."

"အင်း..ပြေတယ်..."

"ကျေးဇူးနော်..အသေးလေး..
ကိုယ့်အတွက်..ပျော်ရွှင်စရာအရာအားလုံးကို ယူလာပေးလို့..."

MY ONLY ONE (completed)Where stories live. Discover now