Part-10

16.8K 891 8
                                    

  မနက်ရောက်လို့ကျွန်တော်နိုးလာတော့...ရင်ခွင်ထဲက အသေးလေးက..အခုချိန်ထိ မနိုးသေးဘဲ...အိပ်နေတုန်းရှိသေးတယ်...။ အင်းပေါ့...သူလည်းအိပ်ချင်းသေးဦးမှာပေါ့..ညကတော်တော်ညဥ့်နက်သွားတာကို...

ကျွန်တော်လည်း သူ့ကိုဖက်ထားတဲ့လက်တွေကို..ဖြေးဖြေးလေး ဖယ်လိုက်တော့...လှုပ်လှုပ်ရွရွဖြစ်လာပြီး..."အင်...အင်း..." ဆိုပြီး အသံပိစိလေးထွက်လာတယ်...

"အင်းအင်း...ဘာမှမဖြစ်ဘူး ပြန်အိပ်...
ကျွတ်...ကျွတ်..." လို့ ကိုယ်လေးကို ဖြေးဖြေးလေး ပုတ်သိပ်လိုက်တော့...ပြန်အိပ်ပျော်သွားတယ်...

ကျွန်တော်လည်းcompanyသွားရမှာမို့...ရေချိုးခန်းရန် ရေချိုးခန်းထဲဝင်လိုက်တယ်...။ ကုတင်ပေါ်က အသေးလေးက အိပ်လို့ကောင်းတုန်းရှိသေးတယ်...

ကျွန်တော်နိုးလာလို့ဘေးကိုစမ်းကြည့်လိုက်တော့...ကိုဘုန်းမရှိတော့ဘူး...။ ရှိနေရင်လည်း..ကျွန်တော်ရှက်လို့ရင်ဆိုင်ရဲမှာ မဟုတ်ဘူး..။ ဘေးကနာရီကိုကြည့်လိုက်တော့...

"ဟင်...၈နာရီထိုးတော့မယ်...
ငါဘာလို့နောက်ကျတဲ့အထိ အိပ်နေမိတာလဲ?.." ဆိုပြီး ကုန်းထလိုက်တာ...

"အ!...ကျွတ်..ကျွတ်..သေပါပြီ...
နာလိုက်တာ...သူမခံရတိုင်း လူကို...ဟင့်...
နာလိုက်တာ...နှာဘူးကြီး..."

"ချလောက်.." ဆိုတဲ့ ရေချိုးခန်းတံခါးဖွင့်သံကြားရလို့...အောက်မှာကျနေတဲ့စောင်ကို အမြန်ယူပြီး..ခေါင်းမြီချုံးထားလိုက်တယ်...

*ကိုဘုန်းက အခုချိန်ထိမသွားသေးဘူးလား..*

ကျွန်တော်ရေချိုးခန်းထဲက ထွက်လာတော့..ကုတင်ပေါ်မှာ ခန္ဓာကိုယ်အပေါ်ပိုင်းကိုပဲ..စောင်ကို ခေါင်းမြီးခြုံထားပြီ...အိပ်နေတဲ့အသေးလေး..တနည်းအားဖြင့် အိပ်ချင်ယောင်ဆောင်နေတဲ့ ကျွန်တော့်အမျိုးသားလေး...

"အိပ်ချင်ယောင်ဆောင်နေရင်လည်း ထတော့...
ဖိုးဖိုးကနောက်ကျလို့ ကိုယ်တို့ဘာဖြစ်လို့နောက်ကျတာလဲမေးရင်..ကိုယ်က အမှန်တိုင်းဖြေမှာနော်..."

"ဟာ.....အဲ့လိုပြောလို့ဘယ်ဖြစ်မလဲ?...အ!.."

"ဟား...ဟား...
အခုတော့နိုးပြီပေါ့ အသေးလေး...
နိုးရင်လည်း ထတော့...
ကိုယ်အလုပ်သွားရဦးမယ်..."

MY ONLY ONE (completed)Where stories live. Discover now