Part-5(Uni)

22.5K 1.7K 4
                                    

ကုန်တိုက်ထဲရောက်တော့...ကျွန်တော်လည်း ကိုဘုန်းရဲ့ဘေးကနေ လျှောက်လာခဲ့တယ်..။ အခုထိ ဝယ်စရာ မတွေ့သေးဘူးလား မသိဘူး..တစ်ထပ်ပြီး တစ်ထပ်လျှောက်နေတယ်..။ကုန်တိုက်က၈ထပ်ရှိတာ...အပေါ်ဆုံးအထပ်ထိရောက်တော့မယ်...တစ်ဆိုင်မှမဝင်သေးဘူး...။

အပေါ်ဆုံးအထပ်ရောက်တော့...ဆိုင်တစ်ဆိုင်ထဲကို ဝင်တယ်..။ အမျိသားဝတ်စုံတွေ အများကြီး ပြထားတယ်..။ ဈေးကိုဖတ်ကြည့်လိုက်တော့..အမယ်လေး..ဈေးကြီးလိုက်တာ...သိန်းကိုဆယ်ချီနေတယ်..။ ကျွန်တော်သာဆို ဘယ်တော့မှ ဝယ်ဝတ်မှာမဟုတ်ဘူး..။

ကိုဘုန်းကတော့...တစ်စုံပြီးတစ်စုံ ဝယ်နေတယ်..။ ဝယ်ပြီးတော့ သူ့ကဒ်နဲ့ ပိုက်ဆံရှင်းနေတာကို တွေ့ရတယ်..။ ပိုက်ဆံရှင်းပြီးနောက်..

"အသေးလေး...ဒီကိုလာဦး..."

"ဘာဖြစ်လို့လဲ.."

"ရော့"

"ကျွန်တော်က..ဒီအထုတ်တွေကို..ဘာလုပ်ရမှာလဲ?.."

"ဘာလုပ်ရမှာလဲ? ကိုင်ဖို့ပေါ့..."

"ဟမ်..."

"ဟုတ်တယ်လေ...မင်းမကိုင်လို့ ငါကကိုင်ရမှာလား..ဒီကုန်တိုက်ဆိုတာ ဖိုးဖိုးပိုင်တာလေ..
နောင်တစ်ချိန် ငါပိုင်ရမှာလေ..
အဲ့တာကို ငါက အထုတ်တွေဆွဲပြီး ကုန်တိုက်ကိုလိုက်ပတ်ရမှာလား...
နောင်ဖြစ်လာမည့် သူဌေးက ဒီလိုအထုတ်တွေကိုင်ထားပြီး shoppingထွက်တယ်ဆိုတာကို ဝန်ထမ်းတြွေမင်ရင် ဘယ်လေးစားပါ့မလဲ...
မဟုတ်ဘူးလား.."

"ပေး..ပေး..အဲ့တာဆိုလဲ.."

"ရော့" ဆိုပြီး..အထုတ်တွေလာပေးတယ်..။

တစ်ထပ်ရောက်တိုင်း တစ်ဆိုင်ဝင်တယ်..အခုလည်းကြည့်...အိမ်မှာနေရင် ဝတ်မလို့ဆိုပြီး ထပ်ဝယ်တယ်..ရှိရဲ့သားနဲ့...တမင် အရွဲ့တိုက်ပြီးများ ဝယ်နေသလားမှတ်ရတယ်...။

အခုလည်း...underwear တွေရောင်းတဲ့ဆိုင်ကို ဝင်တယ်..။ ကျွန်တော်လည်း ဝယ်စရာရှိလို့...သူနဲ့အတူတူ ဝင်လိုက်တယ်..။ လက်ကအထုတ်တွေကို သယ်ထားရတာကြောင့်...သေချာတောင် မရွေးနိုင်ဘူး...။ ရောင်းတဲ့ညီလေးကို ယူမယ့်ပစ္စည်းအားထိုးပြရင်း..ယူခိုင်းရတယ်..။

MY ONLY ONE (completed)Where stories live. Discover now