Part-11(Uni)

24.8K 1.7K 7
                                    

"အဖိုး...ကျွန်တော်ဒီနေ့shoppingထွက်ချင်လို့...အဲ့တာ အဖိုးကိုခွင့်လာတောင်းတာ..."

"ပြည့်လျှံ...မြေး...ဒါတွေက အဖိုးကို လာပြောရတော့မှာမဟုတ်တော့ဘူးလေ...
ထွန်းတောက်ကို ပြောရတော့မှာ...
ထွန်းတောက်က မြေးရဲ့ အိမ်ဦးနတ်ဖြစ်နေပြီလေ.."

"ဟုတ်...ဟုတ်ကဲ့ အဖိုး...
ကျွန်တော်က အဖိုးကို အရင်လာခွင့်တောင်းတာ...
ပြီးမှ ကိုဘုန်းကိုဖုန်းဆက်လိုက်မယ်..."

"နောက်ခါ အဖိုးကို မပြောလည်းရတယ်နော်.."

"ဟုတ်ကဲ့ အဖိုး...
သြော်...အဖိုးရော ဘာလိုသေးလဲ?.."

"ဘာမှမလိုပါဘူး...မြေးတည့်မယ်ထင်တာလေးတော့ ဝယ်ခဲ့..."

"ဟုတ်ကဲ့...အဖိုး..."

အဖိုးကိုနှုတ်ဆက်ပြီးတာနဲ့...အခန်းထဲပြန်ဝင်ကာ..ကိုဘုန်းဆီဖုန်းခေါ်လိုက်တယ်...။ ပထမတစ်ကြိမ်ခေါ်တော့မကိုင်ဘူး..ဒုတိယတစ်ကြိမ်ထပ်ခေါ်တော့လည်း...မကိုင်ပြန်ဘူး.. ။ အစည်းအဝေးရှိလို့လားမသိဘူး..ကျွန်တော်လည်း ဆက်ခေါ်မနေတော့ဘဲ...taxiငှားပြီးထွက်လာခဲ့တယ်...။

.....................

   ကုန်တိုက်ထဲရောက်တော့...ကျွန်တော်လိုချင်တဲ့ ပစ္စည်းတွေဝယ်ပြီး...ပုဆိုး၂ထည်လောက်ဝယ်မယ်ဆိုပြီး မြန်မာဝတ်စုံတွေရောင်းတဲ့ဆိုင်ဘက်ကို ထွက်လာခဲ့တယ်...။ ဆိုင်ထဲမှာပြထားတဲ့ အပေါ်ကလည်ကတုံးအဖြူနဲ့အောက်က ကချင်ပုဆိုးလေးနဲ့၂စုံပြထားတာတွေ့ရတယ်..။ တစ်ထည်က ကြီးပြီး...တစ်ထည်ကနည်းနည်းသေးတယ်...။ မသိရင်coupleဝတ်စုံလေးဖြစ်နေတယ်...။

ဆိုင်ကိုစဝင်လိုက်ထဲက...အဲ့ဒီ့ဝတ်စုံ၂စုံကို မျက်စိကျနေတာ...ကျွန်တော်ထပ်မစဉ်းစားနေတော့ဘဲ ဝယ်လိုက်တယ်..။ ကြီးတဲ့တစ်စုံကတော့...ကိုဘုန်းအတွက်ပေါ့..ကိုဘုန်းနဲ့ဆို သိပ်ကြည့်လို့ကောင်းမှာပဲ...။

ကျွန်တော်လည်း ဝယ်လို့ပြီးတော့...ဆိုင်ထဲက ထွက်လာပြီး...အဖိုးအတွက် cakeဝယ်သွားမယ်ဆိုပြီး...အောက်ထပ်ကဆိုင်တွေဘက်ကို ထွက်လာခဲ့တယ်...။ ကျွန်တော်လည်း cakeဝယ်ပြီး..ဆိုင်ထဲကထွက်လိုက်တော့...မျက်နှာချင်းဆိုင်က ကော်ဖီဆိုင်မှာ...ကိုဘုန်းနဲ့အမျိုးသမီးတစ်ယောက်ထိုင်နေတာတွေ့ရတယ်..။ ကြည့်ရတာ နိုင်ငံခြားသူဖြစ်မယ်ထင်တယ်...။

MY ONLY ONE (completed)Where stories live. Discover now