Part-26(Uni)

22.1K 1.4K 12
                                    

"အသေးလေး...သရက်သီးတွေ အဲ့လာက်မစားနဲ့လေ...ဗိုက်နာမယ်နော်.."

"ဒီလောက်လေးနဲ့ ဘာမှမဖြစ်ပါဘူး...ကိုဘုန်းရာ...
ကျွန်တော်ရွာမှာနေတုန်းကဆို..တစ်နေ့ကို၃လုံးတောင်စားပြစ်တာ...
ဒါတောင် ဗိုက်အောင့်မှာစိုးလို့ လျှော့စားတာ...ဟီးဟီး..."

"အသေးလေးကတော့..ကိုယ်မရှိရင် မရှိသလိုပဲ...အဲ့တာကြောင့် အသေးလေးကို ကိုယ်စိတ်မချတာ..."

"ဘာမှမဖြစ်ပါဘူးဆို..မယုံရင်စားကြည့်.." ဆိုပြီး ကျွန်တော့်ကို သရက်သီးသုပ်အိတ်ကို ထိုးပေးတယ်...

"မစားပါဘူး...ကိုယ်က ဘာလို့ စားရမှာလဲ?..."

"မစားလည်းနေပေါ့..." ဆိုပြီး သရက်သီး ဂျွတ်ဂျွတ်နဲ့မြည်အောင် ဝါးစားပြတယ်...
ကျွန်တော်အသေးလေးစားနေတာကို ကြည့်နေရင်းနဲ့ကို သွားကြိမ်းလာတယ်..

မနက်ကအသေးလေးရဲ့အဘ ဘုန်းဘုန်းကို ဝင်ကန်တော့ပြီး..ပြန်တော့မယ်အကြောင်း လျှောက်ထားပြီး..အသေးလေးက အိမ်တံခါးတွေအကုန်ပိတ်ပြီး..ရွာကနေထွက်လာခဲ့တယ်..။ မထွက်လာခင်မှာတော့..ရွာက လူကြီးတွေပေးလိုက်တဲ့ပစ္စည်းတွေဆိုတာလည်း...ကားနောက်ခန်းမှာ အများကြီးပဲ..

ကျွန်တော်အသေးလေးရွာ ရောက်နေချိန်သိလိုက်ရတာက...အသေးလေးက ရွာမှာနေတဲ့ ရွာဘောစိလေးဆိုတာပဲ..။ သူ့ကိုလာပေးလိုက်ကျတဲ့ ပိုက်ဆံတွေ ပစ္စည်းတွေဆိုတာကလည်း တော်တော်များတယ်...။ ကျွန်တော်က သူဌေးလေးကို ယောက်ျားတော်ထားရတာပဲ..။

ကားပေါ်ရောက်တော့လည်း...မီးပွင့်မိလို့ ခနလောက်ရပ်နေရင်...သရက်သီးသုပ်လာရောင်းသူတွေဆီက သရက်သီးသုပ်ကို စားချင်တယ်ဆိုပြီး ဝယ်စားတယ်..။ ပြောလည်းမရဘူး..။ ပြောမရတော့လည်း...စားပေါ့...။ အသေးလေး သရက်သီးသုပ်စားလိုက် အိပ်လိုက်လုပ်တာကို ကြည့်ရင်းနဲ့ပဲ...အိမ်ကိုပြန်ရောက်လာတယ်...။

အိမ်ရောက်တော့...ကားရပ်တုန်းရှိသေး..သူက အရင်ဦးအောင်..ဧည့်ခန်းထဲပြေးဝင်သွားတယ်..။

"အဖိုး...သားပြန်လာပြီ..."

"ဟေ...ပြန်လာပြီလား...မြေးလေး.."

MY ONLY ONE (completed)Where stories live. Discover now