Part-40(Uni)

15.8K 1K 14
                                    

BS fashionအတွက်..ကျွန်တော်တို့မိသားစုတွရိုက်ထားတဲ့ပုံလေးကို Facebookနဲ့ Instagram မှာတင်လိုက်တာနဲ့..ကျွန်တော်တို့မိသားစုရဲ့ပုံတွေဟာ..ခနလေးနဲ့တင် like and shareတွေများသွားတယ်..။

အမြွာ၂ယောက်ကလည်း..ချစ်ဖို့ကောင်းတာမို့..လူတော်တော်များများက အမြွာ၂ယောက်ရဲ့အကြောင်းကို သိချင်နေကြတယ်..။ အဲ့တာနဲ့ ကျွန်တော်လည်း..ကိုဘုန်းနဲ့တိုင်ပင်ကာ..အမြွာ၂ယောက်အတွက် pageတစ်ခုနဲ့ig accပါဖွင့်ပေးလိုက်ပြီး..သူတို့ပုံလေးတွေတင်ပေးဖြစ်တယ်..။ အခုဆို...အမြွာတို့၂ယောက်ကို ချစ်တဲ့လူတော်တော်များများ ရှိလာတယ်..။

ကျွန်တော်တို့၂ယောက်ကိုတော့..လက်ထပ်ထားတယ်လို့ သိတဲ့သူကလည်း သိကြသလို..မသိတဲ့သူတွေကလည်း Photo modelတွေထင်ပြ်ီး လိုက်ဖက်တယ်ဆိုပြီး ပြောကြသေးတယ်..။ ဘာပဲဖြစ်ဖြစ် ကျေနပ်ပါတယ်..။ အားလုံးက ကျွန်တော်တို့မိသားစုကို ချစ်ပေးကြတဲ့အတွက် ကျွန်တော်အရမ်းပျော်မိတယ်..။

"အီးဟီး..ပါပါး...အီး...ပါပါး..."

ကျွန်တော်ပန်းကန်ဆေးရင်း အတွေးတွေလွန်နေတာ..သားကြီးရဲ့ငိုသံကြားမှပဲ အတွေးကမ္ဘာထဲက လန့်နိုးလာတယ်..။ တော်သေးတာပေါ့..ပန်းကန်တွေကျမကွဲလို့..

"ဟင်..သားကြီး ဘာလို့ငိုနေတာလဲ?...
တိတ် တိတ်..."

"ပါပါး...လျှံရေး...
တားကိုရိုက်တယ်...ရွှတ်.."

"ဟင်...ဟုတ်လား...
လျှံလေးက ဘာလို့သားကိုရိုက်တာလဲ?..."

"တားက တူ့အရုပ်လေးငှားတာကို..မပေးဘဲရိုက်တယ်..အီး...ပါပါး..."

"အေးပါ..သားကြီးရယ်...
ဖေဖေ လျှံလေးကိုဆုံးမပေးမယ်နော်..တိတ်တိတ်...မငိုရဘူး..."

"ဟုတ်..."

"အခု လျှံလေးက ဘယ်မှာလဲ?.."

"အပေါ်ထပ်မှာ..ပေပေနဲ့တူတူဆော့နေရယ်.."

"ဟင်...အဲ့တာဆို သားကိုဘယ်သူအောက်လိုက်ပို့ပေးလဲ?.."

"ပေပေ..."

ဟင်း...ဒီလောက်ဆို သိလိုက်ပြီ...
သားကြီးကိုစပြီး ငိုအောင်လုပ်ကာ..ကျွန်တော့်ကိုအပေါ်တက်အောင် လုပ်လိုက်ခြင်းဖြစ်သည်..။ ဒီသားဖ၂ယောက် ဘယ်လိုတည့်နေလည်းမသိဘူး..သားကြီး မငိုငိုအောင် လိုက်စနေကြတာ..

MY ONLY ONE (completed)Where stories live. Discover now