Part-22(Uni)

21.5K 1.5K 22
                                    

Ringing....Ringing....

"Hello!..အသေးလေး..."

"ဟုတ်...ကိုဘုန်း..."

"အသေးလေး..အခု ကိုယ့်ကို အံဆွဲထဲက ဖိုင်လေးလာပို့ပေးပါလား..."

"companyကိုလား..."

"အင်း...ဟုတ်တယ်..."

"ဟုတ်...ကျွန်တော်လာပို့ပေးမယ်..."

"အင်းအင်း...ကျေးဇူးနော်...
အဲ့တာဆို..ကိုယ်ဖုန်းချလိုက်တော့မယ်နော်..."

"ဟုတ်..." လို့ ပြန်ဖြေလိုက်ပြီး...ကျွန်တော်အဝတ်အစားအမြန်လဲလိုက်ပြီး...အံဆွဲထဲက ဖိုင်ကိုယူလိုက်ပြီး..အောက်ကိုဆင်းလာခဲ့လိုက်တယ်..။

အောက်ရောက်တော့..အဖိုးကိုနှုတ်ဆက်ပြီး taxiငှားပြီး companyကိုထွက်လာခဲ့လိုက်တယ်..။ အရင်က အဖိုးနဲ့အတူ ခနခနရောက်ဖြစ်ပေမဲ့..အခုမရောက်ဖြစ်တာတောင် နည်းနည်းကြာနေပြီ...။

companyရောက်တော့..ကျွန်တော်အရင်က companyရောက်ဖြစ်ခဲ့တုန်းက သိခဲ့တဲ့ အကိုတွေအမတွေက..နှုတ်ဆက်နေလို့ စကားပြန်ပြောပြီးတော့..ကိုဘုန်းရှိတဲ့ အခန်းဆီတက်လာခဲ့လိုက်တယ်..။

ကိုဘုန်းရဲ့ရုံးခန်းရှေ့ရောက်တော့...မသ်ီတာကို တွေ့ရတယ်..။

"ဟာ...ပြည့်လျှံ...Bossဆီလာတာလား..."

"ဟုတ်...မသီတာ...
ဒီဖိုင်လာပို့ခိုင်းလို့..." လို့ ပြန်ပြောပြီး ဖိုင်ကိုထောင်ပြလိုက်တယ်...။

"ကိုဘုန်း...အထဲမှာရှိလား..."

"မရှိဘူး..ပြည့်လျှံရဲ့...
mallမှာပြသနာရှိလို့ သွားတယ်..."

"သြော်...ဟုတ်လား...
အဲ့တာဆို...ဒါကို..."

"ရုံးခန်းထဲမှာ..စောင့်နေလိုက်လေ...
Bossပြန်လာခါနီးနေပြီ..."

"ဟုတ်..."

"အမ ကော်ဖီလာပို့ပေးမယ်နော်..."

"ဟုတ်...ကျေးဇူး..." လို့ မသီတာကို ပြန်ပြောလိုက်ပြီး..ရုံးခန်းထဲကိုဝင်လိုက်ပြီး ဆိုဖာပေါ်မှာထိုင်ပြီး...စောင့်နေလိုက်တယ်...။

ခနကြာတော့..မသီတာက ကော်ဖီလာချပေးတယ်..

"ပြည့်လျှံ တစ်ခုခုလိုရင်...အပြင်မှာ အမရှိတယ်နော်.."

MY ONLY ONE (completed)Where stories live. Discover now