Part-3

14.5K 973 6
                                    

"အဖိုး...နိုးပြီးလား...
သားမနက်စာပြင်ပြီးပြီ..."

"အင်း...
ပြည့်လျှံ...မြေးလေး...မနေ့က ကိစ္စကို...စိတ်ထဲမထားနဲ့နော်..."

"ဟုတ်ကဲ့ပါ...အဖိုး...

သြော်...အဖိုး...မနက်က...ကြီးမြနဲ့ဦးပုတို့...ပြန်ရောက်ပါပြီး..."

"သြော်...ဟုတ်လား...
သူတို့ရော...ရွာပြန်သွားတာ...အဆင်ပြေရဲ့လား..."

"ပြေတယ်လို့ပြောပါတယ်...အဖိုး..."

"အေးကွယ်...၁ပတ် ၁၀ရက်လောက်နေပါဆိုတာကို..."

"ဟိုမှာလည်း...ဘာမှလုပ်စရာမရှိတော့...စောစောပြန်လာတာလို့...ပြောပါတယ်..အဖိုး"

ထိုအချိန်..ထမင်းစားအခန်းထဲကို...ဝင်လာတဲ့....ကိုဘုန်း..

"Morning! ဖိုးဖိုး.."

"အင်း...Morning!"

ကြည့်ရတာမနေ့က ကိစ္စကို...စိတ်ဆိုးမပြေသေးဘူးထင်တယ်...

"ကျွန်တော်ဒီနေ့..ကုမ္ပဏီ သွားမယ်လို့..ပြောထားတယ်လ...ဖိုးဖိုး...
အဲ့တာ...ဖိုးဖိုးရောလိုက်မှာလား..."

"ငါမလိုက်တော့ဘူး...မောင်မင်းမြတ်ကို...ခေါ်ထားတယ်...သူနဲ့လိုက်သွား..."

"ဟုတ်ကဲ့...ဖိုးဖိုး..."

အရှေ့ကိုကြည့်လိုက်တော့...တစ်ခွန်းမှ...ဝင်မပြောဘဲ...မနက်စာကို ငုံ့စားနေတဲ့...အသေးလေး...ကျွန်တော်လည်း စားစရာရှိတာကို...စားလိုက်ပြီး...မင်းမြတ်လာတာကို...စောင့်နေလိုက်တယ်...။

မင်းမြတ်နဲ့ကျွန်တော်က..ငယ်ငယ်ထဲက..ပေါင်းလာတဲ့..သူငယ်ချင်းတွေ..။သူ့အကြောင်းကိုယ်သိ..ကိုယ့်အကြောင့်သူသိ...အတွင်းသိ အစင်းသိတွေ..။ မင်းမြတ်က..ဖိုးဖိုးရဲ့ရှေ့နေဖြစ်သလို...companyမှာလည်း ရှယ်ယာဝင်တစ်ယောက်လည်းဖြစ်တယ်...။ အဲတာကြောင့်..ဖိုးဖိုးက..companyကိစ္စတွေကို...မင်းမြတ်နဲ့...လွှဲထားပြီး..အရေးကြီးတဲ့ကိစ္စတွေရှိမှသာ..companyကို..သွားတယ်..။

အဲ့လို့လွှတ်ထားလို့...companyအကြောင်းတွေ..သူမသိဘူးဆိုပြီး..မထင်လိုက်နဲ့...companyမှာ သူ့လူယုံတွေက.. အများကြီးပဲ..ဘာကိစ္စပဲဖြစ်ဖြစ်..ဖိုးဖိုးကို အရင်ဆုံးလာပြောကြတယ်...မင်းမြတ်ကအစ...

MY ONLY ONE (completed)Where stories live. Discover now