Part-27

13.1K 718 4
                                    

"ဦးထွန်း ကိုယ်ဝန်ကို ဖျက်ချလို့ရလား..."

"ကိုဘုန်း!..." "ထွန်းတောက်ဘုန်း!..." "သခင်လေး..."

"ကိုဘုန်း...ဘယ်လိုပြောလိုက်တာလဲ?...
ကျွန်တော်တို့ရင်သွေးကို ဖျက်ချစေချင်တာလား...
ကျွန်တော်လုံးဝဖျက်မပေးနိင်ဘူး..."

"အသေးလေး...ကိုယ်ပြောတာကို နားထောင်..
ဒီကိစ္စက ဘယ်လောက်အန္တရာယ်များလိမ့်မယ်ထင်လဲ?..
အခန့်မသင့်ရင် အသေးလေးအသက်ပါ ဆုံးရှုံးနိုင်တာနော်..."

"အဲ့တာဘာဖြစ်လို့လဲ?...
ကျွန်တော်တို့ရင်သွေးကိုတော့..ကျွန်တော်မွေးသွားချင်တယ်...
တကယ်လို့ ကျွန်တော့အသက်ကို ပေးရမယ်ဆိုရင်တောင်ပေါ့..."

"ဟာ....ဘာလို့ ဒီလောက်ခေါင်းမာနေရတာလဲ?အသေးလေးရာ....
ကိုယ်ဒီကိစ္စကို လုံးဝသဘောမတူနိုင်ဘူး..."

"ကိုဘုန်းဝမ်းနဲ့လွယ်ရလို့လား...
ကျွန်တော့်ဝမ်းနဲ့လွယ်ရတာလေ...
ကျွန်တော်တောင်ဖြစ်ပါတယ်ဆိုတာကို..ကိုဘုန်းက ဘာလို့ဒီလောက်ခါးသီးနေရတာလဲ?..."

"မင်းဝမ်းနဲ့လွယ်ရတာမို့...ကိုယ်ဒီလောက်ဖြစ်နေတာပေါ့ကွ..."

"အဲ့တာကြောင့်...ကျွန်တော်ကဖြစ်ပါတယ်ဆိုမှ...ကိုဘုန်းက ဘာလို့ မလိုချင်ရတာလဲ?..."

ဒီကိုယ်ဝန်က..ကိုဘုန်းနဲ့ပဲ ရတာလေ..
အခြားသူနဲ့ရတာလည်းမဟုတ်ဘဲ..ကိုဘုန်းက ဘာလို့ ဒီလောက်တောင် ခါးခါးသီးသီးဖြစ်နေလည်း နားမလည်တော့ဘူး...

"မင်းတစ်ခုခုဖြစ်မှာကြောင့်လို့ပေါ့ကွ..."

"ကျွန်တော်တို့ရင်မဆိုင်ရသေးဘဲ..ဘာလို့ အရှုံးပေးချင်နေရတာလဲ?...
ကျွန်တော်တောင်ဘာမှမဖြစ်တာ..ကိုဘုန်းက ဘာလို့အဲ့လောက်တောင်စိုးရိမ်နေရတာလဲ?..."

"ကျစ်..အသေးလေး!...မင်း!...
ပြောနေရင်းနဲ့ကို..နားမလည်တာပဲ...
ဘာပဲဖြစ်ဖြစ် ဦးထွန်း ကျွန်တော်ပြောသလိုလုပ်ပေးပါ..."

"ကိုဘုန်း!....
ရတယ်လေ...ကိုဘုန်းက မလိုချင်မှတော့...
ကျွန်တော်တို့ ကွာရှင်းကြတာပေါ့...
ကျွန်တော့်ရင်သွေးကိုတော့..ကျွန်တော်မသတ်နိုင်ဘူး...
ဒီတော့...အကောင်းဆုံးနည်းလမ်းက ကွာရှင်းကြမယ်..."

MY ONLY ONE (completed)Where stories live. Discover now