Part-29(Uni)

20.6K 1.3K 10
                                    

    ကျွန်တော်ခွပြီးဖက်ထားတဲ့ ရင်ခွင်ထဲက အရာလေးက..အရမ်းသေးနေတာကြောင့်..ကျွန်တော်အမြဲကိုင်ကြည့်နေကျနေရာလေးကို ဆွဲညှစ်ကြည့်လိုက်တော့..အရင်ပျော့ပျော့အိအိလေးမဟုတ်ဘဲ..နည်းနည်းမာနေတာကြောင့်..မျက်လုံးကိုဖွင့်ကြည့်လိုက်တော့..အသေးလေးမဟုတ်ဘဲ ခွခေါင်းအုံးဖြစ်နေတယ်..။

ဘေးကိုကြည့်လိုက်တော့..အသေးလေးက ရှိမနေဘူး..။ ညကအရက်သောက်ထားတဲ့အရှိန်နဲ့မို့..ခေါင်းကတဆစ်ဆစ်ကိုက်နေတာမို့..လန်းသွားအောင် ရေပါတစ်ခါတည်းချိုးလိုက်ပြီး..အောက်ကိုဆင်းလာခဲ့လိုက်တယ်..။

အောက်ရောက်တော့..အသေးလေးကို ဧည့်ခန်းထဲမှာမတွေ့တာနဲ့ မီးဖိုဆောင်အခန်းထဲကို ဝင်လာလိုက်တော့..ဘာအိုးတည်းနေမှန်းမသိပေမဲ့ တစ်ခုခုကိုဇွန်နဲ့မွှေနေတဲ့ ကျောပြင်သေးသေးလေးကို တွေ့ရတယ်..။

ကျွန်တော်လည်း..ကျောပြင်သေးသေးလေးအနားကို သွားလိုက်ပြီး..ခါးလေးကို အသာလေးဖက်လိုက်တော့...

"အံမယ်လေး...
ဟာ...ကိုဘုန်း..လက်အေးကြီးနဲ့ဗျာ...
လန့်သွားတာပဲ.."

"ဘယ်တွေအတွေးရောက်နေလို့ လန့်သွားတာလဲ?...ပြောပါဦး..."

"ဘယ်မှအတွေးမရောက်ဘူး..."

"အခုဘာလုပ်နေတာလဲ?..."

"အဖိုးအတွက်...နွားနို့ကို ပူပူနွေးနွေးလေးဖြစ်အောင် ကျိုနေတာ.."

"ကြီးမြကဘယ်သွားလို့လဲ?.."

"ဈေးသွားတယ်လေ...
အဲ့တာကြောင့် ကျွန်တော်ကျိုပေးနေတာ..."

"ကြီးမြ ပြန်လာရင် လုပ်ပေးမှာပေါ့...
ဘာလို့ အစောကြီးထပြီး..လာလုပ်ရတာလဲ?..
ကိုယ့်ယောက်ျားတောင်မနိုးသေးတဲ့ဟာကို..."

"ဟင်း....အမူးသမားနဲ့ အတူတူမအိပ်ချင်လို့ဗျာ..."

"အဟက်...
အဲ့တာကြောင့်...ကိုယ့်ရင်ခွင်ထဲမှာ ခွခေါင်းအုံးရောက်နေတာကို...
ညက ကိုယ့်ရင်ခွင်ဝင်မအိပ်ဘူးပေါ့လေ..."

"ဟုတ်တယ်...
အရက်စော်နံဟောင်နေလို့.."

"အခုရော..နံသေးလားလို့...
အသေးလေး ကိုယ့်ကို မနမ်းချင်ဘူးလား..ဟမ်.." လို့ပြောလိုက်တော့..ကျွန်တော်ခါးကိုဖက်ထားရာကနေ အသေးလေးက အနောက်ပြန်လှည့်ကြည့်လိုက်တော့..အသေးလေးရဲ့နှုတ်ခမ်းလေးက ကျွန်တော့်နှုတ်ခမ်းနဲ့ထိမိသွားပြီး..နမ်းသလိုဖြစ်သွားတယ်...။

MY ONLY ONE (completed)Where stories live. Discover now