Extra-1(Uni)

16.5K 936 26
                                    

"အမြွာ၂ကောင် ကိုယ့်အခန်းကို မပြန်သေးဘူးလား..."

"ဖေဖေကလည်း ရုပ်ရှင်မှမပြီးသေးတာ...
ပြီးရင်ပြန်မှာပေါ့...ဟွန့်.." ဆိုပြီး သားကြီးက နှာခေါင်းရှုံကာ ကိုဘုန်းကို ပြန်ပြောလာတယ်..။ သားငယ်ကတော့ သူနေနေကျအတိုင်း မမှိတ်မသုန်ထိုင်ကာ TVမှာလာနေတဲ့ရုပ်ရှင်ကိုထိုင်ကြည့်နေတယ်..။

"ကိုဘုန်းကလည်း..သားတွေကြည့်ပါစေ...
ဘယ်လိုဖြစ်လို့အတင်းပြန်ခိုင်းနေတာလဲ?.."

"အသေးလေးကလည်း..သိရက်သားနဲ့...
ပြော...အခုဘာလုပ်နေတာလဲ?..
ကိုယ့်ယောက်ျားဘေးနားမှာ အေးအေးဆေးဆေးTVထိုင်ကြည့်မယ်မရှိဘူး.."

"ဘာလုပ်နေရမှာလဲ?..
ကိုဘုန်းတို့သားဖ၃ယောက်ရဲ့ အဝတ်အစားတွေကို ခေါက်နေတာလေ..."

"မနက်ဖြန်မှ ခေါက်လည်းရတာပဲကို...
လာပါကိုယ်နဲ့အတူတူထိုင်ကြည့်ရအောင်..."

"ကြည့်နေတာပဲလေ..."

"အဲ့လိုမဟုတ်ဘူးလေ..ကိုယ့်ပေါင်ပေါ်မှာလာထိုင်ပြီးကြည့်ခိုင်းတာ.."

"ကိုဘုန်း သားတွေရှိနေတယ်လေ.."

"ဘာဖြစ်လဲ?...လာပါဆို..."

"ပါပါး...လာရင်လည်းလာလိုက်ပါ..
သားတို့ရုပ်ရှင်ကြည့်ရတာ ဖေဖေ့အသံနဲ့ ကောင်းကောင်းမကြည့်ရဘူး.." ဆိုပြီး စကားသိပ်မပြောတဲ့ သားငယ်က ဝင်ပြောလာတယ်...

"သားငယ်နော်..."

"ဟင်း....ကိုဘုန်းကတော့နော်..." လို့ ပြောပြီး အဝတ်တွေကိုဗီရိုထဲထည့်ကာ ကျွန်တော့်အနားမှာ အသေးလေးက ထိုင်လာတယ်...

"ပေါင်ပေါ်လာပါဆို..."

"ဒီမှာပဲထိုင်မယ်...ဟာ...ကိုဘုန်း..."

ပြောလို့မှမဆုံးသေးဘူး..သူ့ပေါင်ပေါ်ပွေ့တင်လိုက်တင်လိုက်တဲ့ ကိုဘုန်းကြောင့်..သားတွေမျက်နှာပူစွာနဲ့ပဲ ရုပ်ရှင်ကိုသာထိုင်ကြည့်နေလိုက်တယ်..။ ဘေးမှာတော့ သား၂ယောက်က သူတို့ဘာသာအေးအေးဆေးဆေးထိုင်ကြည့်နေတယ်..။

တဖြည်းဖြည်းနဲ့ညောင်းလာလို့ထင်တယ်..သားတို့က ဝမ်းလျားမှောက်ပြီး ကြည့်နေကြတယ်..
အနောက်က ကိုဘုန်းကတော့..သားတွေလည်း ဝမ်းလျားမှောက်လိုက်ရော..ကျွန်တော့်ရဲ့ပခုံးကိုလိုက်နမ်းနေတယ်..။ တစ်ချက်တစ်ချက် ကိုက်လာတာကြောင့်..နာပေမဲ့လည်း သားတွေနဲ့မို့ ငြိမ်ငြိမ်သာထိုင်နေလိုက်တယ်..။

MY ONLY ONE (completed)Donde viven las historias. Descúbrelo ahora