Part-39(Uni)

16.8K 1.1K 22
                                    

"အင့်...
ကိုဘုန်း...လွှတ်...ကျွန်တော်မနက်စာသွားပြင်ရဦးမှာ...လွှတ်လို့..."

မနက်စာပြင်ရမှာမို့..စောစောထမလို့ဟာကို ထမယ်လုပ်တာနဲ့ အနောက်ကနေခွဖက်ထားကာ..ပြန်ပြန်ဆွဲချနေတဲ့ကိုဘုန်းကြောင့် ထမရဘဲပြန်လှဲနေရတယ်..။

"ကိုဘုန်း..လွှတ်ဆို...နောက်ကျနေပြီ...
နိုးနေရင်ဖယ်တော့လို့.."

"ဟင့်အင်း..."

"ကိုဘုန်း..ဖယ်ဆို...
သားတွေနိုးရင် ကျွန်တော်အလုပ်လုပ်လို့ရမှာမဟုတ်ဘူး..."

"အာဘွားပေးရင် လွှတ်ပေးမယ်.."

"ဟင်း...အရေးထဲမှ...
ပေးမယ် ပေးမယ်..." လို့ပြောပြီး ကိုဘုန်းဘက်ကိုလှည့်ကာ ကိုဘုန်းရဲ့ပါးကိုနမ်းလိုက်တယ်..

"မွ...ရပြီမလား...လွှတ်တော့.."

"ဟင့်အင်း...မရပါဘူး..." ဆိုပြီး ကျွန်တော့်ကိုအတင်းအကျယ်ဖက်ကာ..လက်ကလည်း အငြိမ်မနေဘဲ ကျွန်တော့်ရဲ့မက်မွန်သီးတွေကို ဆွဲညှစ်နေတယ်..

"အ!..ကိုဘုန်း..မညှစ်နဲ့တော့...
ခင်ဗျားညှစ်လွန်းလို့ အဲ့နေရာက လက်ယောင်လိုက်ပြီးကြီးလာသလိုပဲ...အ!.."

"ဘာဖြစ်လည်း ကြီးလာတော့...အသေးလေးကိတ်သွားတာပေါ့.."

"ဘာတွေလျှောက်နေတာလဲ?...ဖြန်း!..
အ!..ဖယ်တော့..."

"Noပါ..ဟဲဟဲ.." လို့ ပြောပြီး အတင်းအကျပ်ဖက်ကာ မက်မွန်သီးကိုဆက်ကိုင်ထားတယ်..
ဒီလူနဲ့တော့..သားတွေနိုးလာရင် ကျွန်တော်အောက်ဆင်းဖို့မလွယ်တော့ဘူး..

"ပါး...ပါး...ပေ...အင့်...အင့်..."

တွေးလို့မှမဆုံးသေးဘူး..သားငယ်လေးက နိုးလာကာ ကျွန်တော်နဲ့ကိုဘုန်းကြားကိုအတင်းကုတ်တက်ပြီး..ကျွန်တော့်ကိုဖက်ထားတဲ့ ကိုဘုန်းရဲ့လက်တွေကိုလည်း ရိုက်နေတယ်..။ ကြည့်ရတာ..သားရဲ့စိတ်ထဲမှာ ကိုဘုန်းက ကျွန်တော့်ကိုအနိုင်ကျင့်နေတယ်လို့ ထင်နေတာဖြစ်မယ်..။ တကယ်လည်းအနိုင်ကျင့်နေတာပဲကို..

"ဟာ...သားငယ်လေး...
ဘာလုပ်တာလဲ?..."

"ပါး...ပေပေရိုက်.." ဆိုပြီး ကျွန်တော့်ကိုအတင်းဖက်ကာ..မပီကလာပီကလာနဲ့ပြန်ပြောလာတဲ့ သားငယ်ကိုကြည့်ပြီး အသဲယားလာတာမို့..သားငယ်ရဲ့ပါးကိုနမ်းကိုနမ်းလိုက်ပြီး..

MY ONLY ONE (completed)Where stories live. Discover now