Part-6(Uni)

26.2K 1.8K 36
                                    

"မြေး ပြည့်လျှံ...အဆင်ပြေရဲ့လား.."

အန်ပြီးထွက်လာတဲ့အသေးလေးကို...အဖိုးက မေးလိုက်တယ်...

"ဟုတ်...အဆင်ပြေပါတယ် အဖိုး.."

"ဘာတွေစားခဲ့လို့ အန်တာလဲ?..."

"စားခဲ့လို့မဟုတ်ပါဘူး အဖိုး...
ကား...."

"ဟုတ်ပါတယ်...
ဖိုးဖိုး...သူဟိုမှာတုန်းက အစားတွေအကြိုက်စားခဲ့တာ....
ကျွန်တော်ကသိပ်မစားနဲ့လို့ ပြောလည်းမရဘူး..
အဲ့တာကြောင့် အန်တာလေ..."

အသေးလေးက ကျွန်တော်ကားဘယ်လိုမောင်းခဲ့တယ်ဆိုတာကို ပြောတော့မလို့ဟာကို...ကျွန်တော်လည်း အမြန်ဝင်ပြောလိုက်တယ်...။ ကျွန်တော်ဝင်ပြောလိုက်တော့...ကျွန်တော့်ကို စိုက်ကြည့်နေတဲ့ အသေးလေးကို ကျွန်တော်လည်းပြန်စိုက်ကြည့်ပေးလိုက်တယ်...။

"အဖိုး...သား သွားနားလိုက်ပါဦးမယ်...
ညနေစာမစားတော့ဘူး အဖိုး...
သား အန်ချင်နေလို့..."

"အေးအေး...အစာကြေဆေးလေး သောက်ထား..."

"ဟုတ်....အဖိုး..."

ဖိုးဖိုးကိုနှုတ်ဆက်ပြီး အပေါ်တက်သွားတဲ့အသေးလေးကိုကြည့်ရတာ...သနားတော့သနားပါတယ်...အားမရှိသလိုပဲ...

..........................

ကျွန်တော် ခြံထဲမှာ ပန်းပင်တွေရေလောင်းနေတုန်း...အိမ်ရှေ့က ကားဟွန်းတီးသံ ကြားရတယ်...ဦးပုကလည်း ဘယ်ရောက်နေလဲ မသိဘူး ..ကိုယ့်ဘာသာပဲ သွားဖွင့်ပေးလိုက်တယ်..

တံခါးဖွင့်ပေးလိုက်တော့...ခြံထဲကို တစ်ရှိန်ထို့မောင်းသွားတဲ့ ကား...အိမ်ရှေ့ရောက်တော့ ရပ်သွားတယ်...။ ကျွန်တော်လည်း ခြံတံခါးကိုပြန်ပိတ်ပြီး...ကျန်သေးတဲ့ပန်းပင်တွေကို ရေလောင်းနေလိုက်တယ်...။

"ဟေ့....ဒီမှာ...ရွှတ်ရွှတ်..."

ဘေးနားကနေ တစ်ယောက်ယောက်ခေါ်သံကိုကြားရလို့ လှည့်ကြည့်လိုက်တော့...ကျွန်တော့်ကို လက်ယက်လှမ်းခေါ်နေတဲ့ ခပ်လှလှအမျိုးသမီးတစ်ယောက် ဝတ်ထားတာကလည်း..အနီရောင်ဂါဝန်အတိုနဲ့..ရင်ဘက်ကလည်း ဟိုက်လို့...အမြင်မတော်စရာတွေ...

သူလှမ်းနေတာ ရွှတ်ရွှတ်လေ...ကျွန်တော်နာမည်ရွှတ်ရွှတ်မှ မဟုတ်တာ...ကျွန်တော်လည်း သူ့ကိုဆက်ကြည့်မနေဘဲ..ပန်းပင်တွေကိုသာ ရေဆက်လောင်းနေလိုက်တယ်...

MY ONLY ONE (completed)Where stories live. Discover now