Part-7(Uni)

24.9K 1.7K 33
                                    

"ဟာ...တောက်...နေရောင်ကလည်းထိုးလိုက်တာ....
ခေါင်းကလည်း ကိုက်လိုက်တာ.."

မျက်နှာပေါ်ကို နေရောင်လာထိုးတာကြောင့်...ကျွန်တော်ဆက်အိပ်လို့မရတော့ဘဲ...နိုးထလာခဲ့တယ်...။ ကျွန်တော့်အခန်းဆို နေရောင်မထိုးပါဘူး...အခန်းကိုဝေ့ကြည့်လိုက်တော့..ဒါ ကျွန်တော့်အခန်းမဟုတ်ဘူး...။ ဒါဆို ကျွန်တော်ဘယ်သူ့အခန်းကို ရောက်နေတာလဲ?..ကျွန်တော့်ခန္ဓာကိုယ်မှာ အဝတ်အစားတွေမရှိဘူး...။

ဘေးကိုလှည့်ကြည့်လိုက်တော့...ဆံပင်တိုတို ကျောဖြူဖြူနဲ့ ဟိုဘက်လှည့်ပြီးအိပ်နေတဲ့ တစ်ယောက်...ကျွန်တော်ထင်တဲ့သူ မဟုတ်ဘူးမှတ်လား...။ ကျွန်တော်လည်း..ဟိုဘက်လှည့်ပြီးအိပ်နေတဲ့တစ်ယောက်ရဲ့လက်မောင်းကိုကိုင်ပြီး ပက်လက်ဆွဲလှန်လိုက်တော့...

"အ!...နာတယ်..."

"ဟင်...အသေးလေး...
ထ...အခုထ...ထလို့..."

"ဘာလဲ?..ထလို့မရဘူး အောက်ကနာတယ်..."
ဆိုပြီး မထဘဲ ပြန်မှိန်းနေတဲ့ အသေးလေးကို စိတ်မရှည်တော့ဘဲ...

"ဟာ...ထပါဆို...ပြန်မအိပ်နေနဲ့..." ဆိုပြီး လက်မောင်းကို ဆွဲထူလိုက်တော့...

"အ!...ဘာလို့အရမ်းလုပ်တာလဲ?...
ဒီမှာနာပါတယ်ဆိုတာကို..."

*နာတယ်...ဘာနာတာလဲ?...
မဟုတ်လောက်ဘူးမှတ်လား...ကျွန်တော်ညက အသေးလေးကို မဟုတ်လောက်ပါဘူးနော်...*

"မင်းကို ညက ငါဘာလုပ်လိုက်သေးလဲ?..."

"ဟင်...."

ကိုဘုန်းပြောလိုက်လို့...စောင်အောက်ကို ငုံ့ကြည့်လိုက်တော့...ကျွန်တော့်ခန္ဓာကိုယ်ပေါ်မှာ အဝတ်အစားတွေ မရှိဘူး..။ ရင်ဘက်မှာလည်း အနီစက်တွေအများကြီးပဲ...။

"ခင်ဗျား ကျွန်တော့်ကို ဘာလုပ်လိုက်တာလဲ?...
အ!...အခုလိုနာနေတာ ပုံမှန်ကြောင့်မဟုတ်ဘူးလား...
ခင်ဗျားဘာလို့ ကျွန်တော့်ကို အခုလုပ်တာလဲ?..
အီး..အီး..ဘုန်း!...ဘုန်း!.."

"အ!...အ!...ဟေ့...အသေးလေးတော်လိုက်တော့..အ!..တော်တော့လို့ ကိုယ်ပြောနေတယ်လေ...
ကိုယ်လည်းညကမူးနေလို့ မသိပါဘူးဆို..."

*လူကိုရိုက်နေတာ...သူ့အားသေးသေးလေးနဲ့ မနာပေမဲ့ သူ့လက်၂ဖက်ကို ချူပ်ကိုင်လိုက်ပြီး ပြောလိုက်တယ်...*

MY ONLY ONE (completed)Where stories live. Discover now