Part-9(Uni)

25.7K 1.7K 4
                                    

"အသစ်စက်စက်ဥက္ကဌကြီးကို...ရုံးခန်းထဲက ကြိုဆိုပါတယ်...
သြော်....ကျန်သေးတယ်...အသစ်စက်စက်အိမ်ထောင်ရှင်အမျိုးသားကြီးကို ကြိုဆိုပါတယ်ဗျာ..."

"လာနောက်မနေနဲ့...မင်းမြတ်...
မင်းက ဘာကိစ္စရှိလို့လဲ?..."

"ဘာကိစ္စရှိလို့လဲဆိုတော့...မနေ့ကညက အကြွေလာတောင်းတာ..."

"ဘာအကြွေးလည်းဘာမှမရှိဘူး.."

"မင်း..အစောကြီး အိပ်ခန်းထဲဝင်သွားတာလေ...
မင်္ဂလာဦးညမှာ တော်တော်ပျော်ခဲ့ရဲ့လား..."

"ဘာမှ မင်္ဂလာဦးညမှာမပျော်ဘူး...
ဘာတွေလာပြောနေတာလဲ?..."

"အပိုလာပြောမနေနဲ့...ထွန်းတောက်ရယ်...
ဒီညငါတို့ကို လာတိုက်..."

"သောက်ချင်တာမြန်း...တိုက်မှာပေါ့...
အစောထဲက အဲ့လိုပြောလိုက်ရင်..ရှင်းနေတာပဲကို..."

"အစောကြီးထဲက သဘောပေါက်သင့်တာ...
သြော်...ငါမင်းကို မသီတာနဲ့မိတ်ဆက်ပေးမယ်..." ဆိုပြီး မင်းမြတ်က အခန်းပြင်ထွက်သွားတယ်...

ခနကြာတော့...အမျိုးသမီးတစ်ဦးနဲ့အတူ..မင်းမြတ်ပြန်ဝင်လာတယ်...

"လာ...မသီတာ...
ထွန်းတောက်...ဒါ မသီတာ တဲ့...
မင်းရဲ့secretary...
မင်းတို့မင်္ဂလာပွဲတုန်းက လာတယ်လေ..."

"သြော်..."

"ဟုတ်...Boss..."

"ကျွန်တော့်ကို အများကြီးအကူအညီပေးပါဦးနော်...မသီတာ..."

"ဟုတ်ကဲ့..Boss...
လိုတာရှိရင် ကျွန်မကိုခိုင်းနိုင်ပါတယ်..."

"ကောင်းပါပြီ..."

"အဲ့တာဆို ကျွန်မကိုသွားခွင့်ပြုပါဦး...Boss.."

"အင်းအင်း..."

"ကိုမင်းမြတ်..သွားလိုက်ပါဦးမယ်..."

"ဟုတ်...."

"အဲ့တာဆို...ငါလည်း ပြန်လိုက်ဦးမယ်နော်...
ညနေမှ တွေ့တာပေါ့...
(.....)barမှာ ဆုံမယ်နော်..."

"အေး..."

မင်းမြတ်ထွက်သွားတော့...ကျွန်တော်စစ်စရာရှိတဲ့ စာရင်းတွေကို စစ်နေတယ်...

"ချလောက်!..."

"မင်းမြတ်...ဘာကျန်ခဲ့ပြန်ပြီလဲ?...
ဘာပြောစရာကျန်...
ဟင်...ရတီ..."

MY ONLY ONE (completed)Where stories live. Discover now