Part-14(Uni)

23.5K 1.6K 13
                                    

"အသေးလေး...မျက်နှာက ဘာဖြစ်နေတာလဲ?.."

ကျွန်တော့်ကို မျက်နှာလေး ညှိုးငယ်ကာ..အင်္ကျီကြယ်စေ့တပ်ပေးနေတဲ့ အသေးလေးကို မေးလိုက်တယ်...။ မျက်နှာမကောင်းတာ ဟိုတစ်နေ့ကတည်းက...ဘာဖြစ်လို့ဖြစ်နေမှန်းလဲမသိဘူး...
သူမျက်နှာမကောင်းတော့...ကျွန်တော်လည်း မနေတတ်ဘူး..

"ဘာမှမဖြစ်ပါဘူး..."

"ဘာမှမဖြစ်ဘူးဆို...ဘာလို့ မျက်နှာက ရွှင်ရွှင်လန်းလန်းမရှိတာလဲ?.."

"ဘာမှမဖြစ်ပါဘူးဆို..."

ဒီလောက်ဆူပုတ်ပြီးနေတာ...စိတ်ဆိုးစိတ်ကောက်နေတာမဟုတ်လို့ ဘာဖြစ်ရမှာလဲ? အသေးလေးရယ်...
အသေးလေးကြယ်စေ့တပ်ပေးနေတာ...တဖြည်းဖြည်းနဲ့ အပေါ်ထိရောက်လာပြီ...ကျွန်တော်လည်း သူ့ကိုစချင်တာနဲ့ ခြေဖျားထောက်လိုက်တယ်..။

နဂိုကတည်းက...အသေးလေးအရပ်က ကျွန်တော့ပုခုံးလောက်ပဲရှိတာ...အခုလိုခြေဖျားထောက်လိုက်တော့...မမှီတမှီနဲ့ သူ့ခြေဖျားထောက်ပြီး..တပ်ပေးရှာတယ်...။ တစ်ချက်မော့ကြည့်ပြီး...စကားတော့တစ်ခွန်းမှ မပြောဘူး..။ ကျွန်တော်လည်း မနေနိုင်တော့တာနဲ့ ထပ်မေးလိုက်တယ်...။

"အသေးလေး...ဘာဖြစ်နေတာလဲ?...
ကိုယ့်ကိုပြောလေ...အဲ့လိုကြီးမနေနဲ့.."

"ဘာမှမဖြစ်ပါဘူးဆိုမှ...
ပြီးပြီ အောက်ကိုဆင်းခဲ့တော့..." ဆိုပြီး အရှေ့ကနေအောက်ကိုဆင်းသွားတဲ့ အသေးလေး...

ဟူး.....ဆက်မတွေးနေတော့ဘဲ...အသေးလေးနောက်ကနေ လိုက်ခဲ့လိုက်တယ်...
မနက်စားပြီး အပြင်ထွက်လာတဲ့အချိန်ထိ...အသေးလေးက ကျွန်တော့်ကို စကားတစ်ခွန်းမှ မပြောဘူး...

"Hi!...Hello!..." ဆိုပြီး အသံကြားလို့ကြည့်လိုက်တော့...မင်းမြတ်ဖြစ်နေတယ်..

"မင်းက ဘာလာလုပ်တာလဲ?..."

"မင်းနေမကောင်းဘူးဆိုလို့...
လာကြည့်တာလေ...
အခုတော့...ဘာလဲ companyတောင်သွားတော့မှာလား..."

"ဟုတ်တယ်...သွားမှာ...
မင်းလည်းcompanyသွားမှာ မဟုတ်လား...
သွားမယ်လေ..."

"နေပါဦးကွာ...မင်းကလည်း...
ပြည့်လျှံလည်း နေမကောင်းဖြစ်သေးတယ်ဆို...
သက်သာသွားပြီလား..." ဆိုပြီး ကျွန်တော့်အနောက်မှာ ရပ်နေတဲ့အသေးလေးဆီ သွားနေတဲ့ မင်းမြတ်....
ထင်တယ်...အဲ့တာကြောင့် companyသွားမယ်ဆိုပြီး ခေါ်နေတာကို...ဒီမိကျောင်းသားက လျှာတော်တော်ရှည်တာပဲ...

MY ONLY ONE (completed)Where stories live. Discover now