Part-44(Uni)

15.9K 1K 16
                                    

"ကိုဘုန်း...ဖြေးဖြေးလုပ်နော်...
ကျွန်တော်မနက်ဖြန် အဝတ်တွေလျှော်ရဦးမှာ.."

"အင်းပါ...အသေးလေး မနာအောင်လုပ်ပေးမယ်..."

"အင်းအင်း...အ!.."

"ကိုယ်မလုပ်သေးဘူးလေ..."

"ကြိုနာထားတာ ဟဲဟဲ..."

"ချစ်လိုက်တာ အသေးလေးရယ်...
ကိုယ်စပြီနော်..."

"အင်း...ဖြေးဖြေးနော်...
သွေးမထွက်စေနဲ့..."

"အင်းပါ...ပြွတ်..ပြွတ်.."

"အ!...အပေါ်နည်းနည်းတိုး...အ!..."

"အင်း...မနာပါဘူး...
လက်တစ်ချောင်းပြီးသွားပြီဆိုတော့..၂ချောင်းမြောက်..."

"သွေးမထွက်စေနဲ့နော်..."

"အင်းပါ..."

"မနက်ဖြန်အဝတ်လျှော်ရဦးမှာမို့လို့ပါ...အား!!...အု..."

"ဟာ...အသေးလေး ဘာလို့အကျယ်ကြီးအော်တာလဲ?...သားတွေနိုးသွားဦးမယ်..."

"နာတာကိုလို့...
အ!...နာတယ်...သွေးထွက်သွားပြီ..."

"အင်းအင်း...ကိုယ်စုပ်လိုက်မယ်...
မအော်နဲ့တော့...သားတွေနိုးလာမှ ကိုယ်တို့ရှေ့မဆက်လိုက်ရဘဲနေဦးမယ်..."

"မဆက်နဲ့ပေါ့...တော်ပြီ ဒီညမပေးတော့ဘူး..."

"ဟာ...မရဘူးလေ အသေးလေးကလည်း..."

"အဲ့တာဆို..ဘာလို့ လက်သည်းလာညှပ်ပေးနေသေးလဲ?...
အခုသွေးတောင်ထွက်သွားပြ်ီ...
တော်ပြီ..ဒီည မပေးတော့ဘူး..."

"ဟာ...အဲ့လိုမလုပ်ပါနဲ့...
ကိုယ်က အသေးလေးလက်သည်းရှည်နေတာ မကြည့်ရက်လို့ညှပ်ပေးတာလေ...
ပြီးတော့..ကိုယ်တို့အတူနေတဲ့အခါကျရင် အသေးလေးကလက်သည်းအရှည်ကြီးနဲ့ ကုပ်တော့ ကိုယ့်ကျောမှာ အစင်းရာတွေချည်းတွေပဲ...
အဲ့တာတွေက ချွေးထွက်တာနဲ့ စပ်တယ်..
အဲ့တာကြောင့် ကိုယ်က အသေးလေးကိုလက်သည်းညှပ်ပေးတာလေ.."

"ဘာ!!...ကိုဘုန်းကျောနာမှာကျတော့ သိတယ်ပေါ့...
ကျွန်တော်အနာခံရတာကျတော့ ကိုဘုန်းမသိဘူးပဲနဲ့...
ကိုယ့်ဘက်ပဲကိုယ်သိတယ်...
တော်ပြီ...ပြောထားတဲ့ကိစ္စဖျက်တယ်..."

ဟုတ်တယ်...သူ့ကျောနာမှာကြောက်လို့ ကိုယ့်ကိုလက်သည်းလာညှပ်ပေးတာတဲ့..တော်တော်သိတတ်တဲ့လူ...
ကျွန်တော်နာတာကျတော့ သူမခံရတိုင်း နားမလည်ဘူး...အခုလက်သည်းက သွေးထွက်သွားပြီး မနက်ဖြန်ဆပ်ပြာမှုန့်ဘယ်လိုကိုင်ရမှာလဲ?...
သူတို့သားဖတွေဝတ်ထားတဲ့ အဝတ်အစားတွေကိုလည်း လျှော်ရဦးမယ်...

MY ONLY ONE (completed)Where stories live. Discover now