Part-30(Uni)

20.7K 1.3K 2
                                    

ကျွန်တော်နိုးလာလို့..ဘေးကို စမ်းကြည့်တော့..ကိုဘုန်းက ရှိမနေဘူး..။ တစ်ခါမှ..ကိုဘုန်းက ကျွန်တော့်ထက်အရင်မထဖူးပါဘူး..။ ကျွန်တော့်ကို ညကတည်းက..စိတ်ဆိုးတာ မပြေသေးလို့လားမသိဘူး..။

ဘာမှဆက်မတွေးနေတော့ဘဲ..မျက်နှာသစ်ပြီး အောက်ထပ်ကိုဆင်းလာခဲ့လိုက်တယ်..။ မီးဖိုဆောင်အခန်းထဲဝင်တော့..အဖိုးတစ်ယောက်တည်း..မနက်စာ စားနေတာတွေ့ရတယ်..။ ကိုဘုန်းတော့ရှိမနေဘူး..အရင်က ဒီချိန်အလုပ်မသွားသေးတဲ့ကိုဘုန်းက..အလုပ်သွားပြီလား..

"Morning...အဖိုး..."

"သြော်..ပြည့်လျှံလေး...
လာ...ထိုင်..မြေး..."

"ဟုတ်...အဖိုး..
ဟို..ကိုဘုန်း သွားပြီလား..."

"အင်း..သွားပြီလေ..
မြေးကိုမပြောသွားဘူးလား..."

"ဟုတ်..."

"သူ အလုပ်ကိစ္စရှိလို့ စောစောသွားတယ် ပြောတယ်.."

"သြော်...ဟုတ်ကဲ့ အဖိုး.."

အရင်က..ကျွန်တော်ကြယ်စေ့တပ်ပေးမှ သွားတဲ့ကိုဘုန်းက..
အခုတော့..ကျွန်တော့်ကို မနှုတ်ဆက်ဘဲ အစောကြီးသွားပြီတဲ့လား..
ကျွန်တော့်ကိုနမ်းပြီးမှ သွားတတ်တဲ့ ကိုဘုန်ုးက... အခုတော့....

............

နေ့လယ်ရောက်တော့...

"ပြည့်လျှံလေး...ထမင်းလည်း သိပ်မစားဘူး..
ဘာဖြစ်လို့လဲ?..
ကြီးမြဘာလုပ်ပေးရမလဲ?..."

"ရပါတယ် ကြီးမြ..
သားသိပ်မဆာလို့..."

"မနေ့ကလ်ိုလေး သရက်သီးကို ငရုတ်သီးမှုန႔သြိပ်မထည့်ဘဲနဲ့သုပ်ပေးရမလား..."

"ဟင့်အင်း...သားမစားချင်တော့ဘူး..
သားရေသွားချိုးလိုက္ဦးမယ်..
မနက်ကတည်းက သိပ်မလန်းလို့..."

"အေးအေး...သွားချိုးလေ...
သေချာလည်း ချိုးဦးနော်..ချော်ကျဦးမယ်..."

"ဟုတ်ကဲ့..ကြီးမြ.." လို့ ပြောပြီး..အပေါ်ကိုတက်လာခဲ့တယ်..

အခန်းထဲရောက်တော့..အဝတ်အစားတွေကို ချွတ်လိုက်တော့..နည်းနည်းပူသယောင်ရှိလာတဲ့ဗိုက်လေးကို အသားပွတ်ပြီး..ရေလဲပုဆိုးယူကာ..ရေချိုးခန်းထဲကို ဝင်လာလိုက်တယ်..။

MY ONLY ONE (completed)Where stories live. Discover now