Part-15(Uni)

23.7K 1.6K 13
                                    

    အသေးလေးနဲု့ရုပ်ရှင်လက်မှတ်ဝယ်ပြီးတော့..ရုပ်ရှင်ပြမယ့်အချိန်က လိုသေးတာမို့...အရှေ့ကခုံမှာ ထိုင်စောင့်နေလိုက်တယ်..။ ဘေးနားကမိန်းကလေးတွေယောက်ျားလေးတွေကလည်း..အပေါ်shirtလက်ရှည်နက်ပြာနဲ့ပုဆိုးဝတ်လာတဲ့အသေးလေးကို..ထူးဆန်းသလိုကြည့်နေကြတယ်..။

ထူးဆန်းသိလိုကြည့်နေတယ်ဆိုတာထက်..အသေးလေးက အရမ်းကိုချစ်ဖို့ကောင်းတယ်..။ ကြွက်ဖြူလေးလိုပဲ ဖြူစွတ်စွတ်နဲ့ ချစ်စရာလေးလိုဖြစ်နေတယ်...။ ကျွန်တော်နဲ့ဆို သားလေးကိုရုပ်ရှင်လိုက်ပြတဲ့ အဖေလိုဖြစ်နေမှာသေချာတယ်..

အသေးလေးကို ဘယ်ကနေဘယ်လိုစကားစပြောရမလဲလို့တွေးနေရင်းနဲ့...ဖုန်းဝင်လာတယ်..
ကြည့်လိုက်တော့"Love😘"တဲ့...ရတီ့ဆီက..ကျွန်တော်ဖျက်မလို့ကို မေ့နေတာ...
ဒီလိုcontact nameရေးထားတာလည်း..ရတီပဲရေးထားတာ...နောက်မှပဲ ဖျက်လိုက်မယ်ဆိုပြီး ရတီ့ဖုန်းကို ကိုင်လိုက်တယ်...

ရတီက သူဗိုက်အရမ်းအောင့်နေလို့...လာခဲ့ပါတဲ့...
ရတီက သူ့မိဘတွေနဲ့အတူနေတာမဟုတ်ဘဲ...တိုက်ခန်းမှာတစ်ယောက်တည်း နေတာဖြစ်တာကြောင့်...ကျွန်တော်လာခဲ့မယ်လို့ပြောလိုက်တယ်...

အသေးလေးကိုပြောလိုက်တော့..အသေးလေးကလည်း ဘာမှမဖြစ်ဘူး..သွား ဆိုပြီးပြောလာတယ်...
ကျွန်တော့်လုပ်ရပ်က..အသေးလေးအပေါ် မလုပ်သင့်တော့တဲ့လုပ်ရပ်မျိုးဖြစ်နေတယ်ဆိုပေမဲ့...တစ်ဖက်ကရတီကလည်း နေမကောင်းဖြစ်နေတာကြောင့်..သွားဖို့ဆုံးဖြတ်လိုက်တယ်..။

ကားပါကင်သွားတဲ့လမ်းတစ်လျှောက်လည်း...မျက်နှာလေးညှိုးငယ်သွားတဲ့အသေးလေးမျက်နှာကိုပဲ မြင်ယောင်နေမိတယ်...။

အဲ့တာနဲ့ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တယ်..အသေးလေးကိုသွားပြန်ခေါ်ဖို့ပဲ..
ရောက်နေတဲ့အထပ်ကနေ...အသေးလေးရှိတဲ့ ရုပ်ရှင်ရုံအထပ်ကို အမြန်ပြေးတက်လိုက်ပြီး...ရုပ်ရှင်ရုံနားရောက်တော့...အရှေ့ကထိုင်ခုံမှာ အသေးလေးက ထိုင်နေဆဲဖြစ်တယ်...

ကျွန်တော်လည်း..အသေးလေးနားလျှောက်သွားလိုက်ပြီး...

"အသေးလေး..." လို့ခေါ်လိုက်တော့ ကျွန်တော့်ကို မော့ကြည့်လာတယ်...

MY ONLY ONE (completed)Where stories live. Discover now