Part-37(Uni)

15.9K 1.2K 17
                                    

"ဟင့်..ဟင့်...အူးဝါး...ပါး..ပေ..ပေ.."

"အေးအေး..အေးအေး..တိတ်ပါသားရယ်...
ဖေဖေပြန်လာတော့မယ်နော်..တိတ် တိတ်...
ညီလေးတောင်မငိုဘူးလေ..သားရယ်...တိတ်တိတ်...
ဖေဖေကပြန်လာတော့မှာနော်..တိတ်တိတ်.."

ကလေးသဘာဝ နေမကောင်းဖြစ်ရင်..ကိုယ့်ချစ်တဲ့သူကို တမ်းတကြတာမို့..အခုသားကြီးကလည်း ပေ ပေ ဆိုပြီး သူ့အဖေကိုတမ်းတခြင်းဖြစ်သည်..။ ကလေးက အီပြီး ကျွေးတာလည်းမစားတာမို့..ကျွန်တော်မနည်းချော့နေရတယ်...။

"ဆန်ပြုတ်လေးနည်းနည်းလောက်သောက်လိုက်ဦးနော်...
ပါပါး ဖေဖေ့ကို အခုလှမ်းခေါ်ပေးမယ်နော်...
သားကြ်ီးက လိမ္မာတယ်နော်...
နည်းနည်းလောက်ပဲစားလိုက်နော်..."

"ပေ...ပေ..."

"အင်းအင်း...ဖေဖေ့ကို အခုဖုန်းလှမ်းဆက်ပေးမယ်နော်..." လို့ သားကြီးကိုပြောပြီး ကိုဘုန်းဆီဖုန်းလှမ်းဆက်လိုက်တော့..ကိုဘုန်းက ဖုန်းပိတ်ထားတယ်..။

အဲ့တာနဲ့ကျွန်တော်လည်း..မသီတာဆီလှမ်းဆက်လိုက်တော့...ကိုဘုန်းက companyမှာမရှိဘဲ...ကုန်တိုက်ကို သွားတယ်လို့ပြောတယ်..။

"သားကြီး..ဖေဖေက ပြန်လာနေပြီတဲ့...
တိတ်တော့နော်...ဖေဖေပြန်လာရင် မုန့်မုန့်ဝယ်လာမှာလေနော်...တိတ်တော့...
ပါပါး ဆေးချိုချိုလေးတိုက်မယ်.." လို့ သားကြီးက ခေါင်းညိတ်ပြလာတာမို့..သားကြီးကို ဆေးတိုက်ပေးလိုက်တော့..ငိုထားတဲ့အရှိန်ရော ဆေးအရှိန်ကြောင့်ရော သားကြီးက အိပ်ပျော်သွားတယ်..။

သားငယ်ကိုတော့..အဖျားကူးမှာစိုးလို့ အဖိုးနဲ့ခနထားထားတယ်..။ သားငယ်က ငိုခြင်းသိပ်မရှိတာကြောင့်..အဖိုးနဲ့တော့ အဆင်ပြေပါတယ်..။ ကျွန်တော်လည်း..အဖိုးကို အကျိုးအကြောင်းပြောပြပြီး..ကိုဘုန်းကို သွားခေါ်ဖို့ ကုန်တိုက်ထွက်လာခဲ့လိုက်တယ်..။

ကုန်တိုက်ရောက်လို့..မန်နေဂျာဆီသွားတော့..ကိုဘုန်းပြန်သွားပြီလို့ ပြောတာမို့..ကျွန်တော်လည်း အောက်ကိုပြန်ဆင်းလာခဲ့လိုက်တယ်..။ ကျွန်တော်လျှောက်လာရင်း...ကော်ဖီတစ်ဆိုင်နားရောက်တော့..ကိုဘုန်းကို တွေ့တာမို့ သွားခေါ်မယ်ဆိုပြီးပြင်လိုက်ပြီးမှ..ကိုဘုန်းနဲ့စကားပြောနေတဲ့သူကို တွေ့တော့..ကိုဘုန်းကိုသွားခေါ်မယ့်ကျွန်တော့ခြေလှမ်းတွေ ရပ်တန့်သွားတယ်..။

MY ONLY ONE (completed)Where stories live. Discover now