Part-25(Uni)

22.7K 1.4K 13
                                    

ကျွန်တော်အိပ်မက်ထဲမှာ..အသေးလေးနဲ့ ချစ်ကြည်နူးတစ်တစ်တူးနေရင်း...မျက်နှာပေါ်နေရောင်ကျလာတာကြောင့်..ကျွန်တော်ဆက်အိပ်လို့မရတော့တာကြောင့် နိုးထလာခဲ့တယ်..။ ဝါးခနဲ တစ်ချက်သမ်းပြီး...ထထိုင်လိုက်တော့...

"အ!...ကျွတ်..ကျွတ်...
နာလိုက်တာကွာ...
ကျောကလည်း နာတယ်...
အောက်ကလည်း နာတယ်...ကျွတ်...ကျွတ်..."

"အဲ့လောက်တောင်လည်း မနာပါဘူးဗျာ...
ထတော့...၉နာရီထိုးတော့မယ်...
မနက်စာစားမယ်..."

"ရက်စက်လိုက်တာ အသေးလေးရယ်...ဟွန့်...
အသေးလေး ညကလုပ်လိုက်တဲ့လုပ်ရပ်က..အသေးလေးအတွက်ပဲထိခိုက်နစ်နာမှာ...
ဒါက အသေးလေးတစ်ယောက်တည်းအတွက် limited edition နော်...
အသေးလေး လုပ်လိုက်တာ အရမ်းလွန်တယ်.."

"ကိုဘုန်း!...မနက်စောစောစီးစီး ညစ်တီးညစ်ပတ်စကားတွေကိုပြောတယ်...ကဲဟယ်..."

ဒီလောက်ခံနေရတာတောင်မမှတ်ဘူး...ညစ်ပတ်စကားက ထွက်နိုင်သေးလို့...ဖျော်မလို့လုပ်နေတဲ့ ကော်ဖီထုပ်နဲ့ ပိတ်ပေါက်လိုက်တယ်...။

"လုပ်ထားပါ..လုပ်ထားပါ...
ညကျရင်တော့...တကယ်မလွတ်ဘူးမှတ်..
ဟင်းဟင်း..." ဆိုပြီး ကော်ဖီထုပ်ကို အသေးလေးဆီပြန်ပေးကာ...အသေးလေူနားကပ်ပြီး တိုးတိုးကပ်ပြောလိုက်တော့...အသေးလေးရဲ့ နားရွက်လေးရဲသွားတာ ကျွန်တော်တွေ့ရတယ်...။

"သွားတော့ဗျာ...မျက်နှာသွားသစ်တော့...
ညစ်တီးညစ်ပတ်နဲ့..."

"အင်းပါဗျာ...ကိုယ့်မိန်းမလေးက မျက်နှာသွားသစ်ခိုင်းနေတော့လည်း...သွားသစ်ရတော့မှာပေါ့...မွ.."

"ကိုဘုန်း!..."

"သွားပြီ...တကယ်သွားပြီ.." ဆိုပြီး သွားပွတ်တံကိုင်ပြီး ထွက်သွားတယ်..

"အဟက်...ကိုဘုန်း ညက တော်တော်လေးနာသွားနာမှာပဲ..ဟီးဟီး.."

တကယ်တမ်းက...ကျွန်တော့်နောက်ကနေ ပွတ်သီးပွတ်သပ်လုပ်နေတာကြောင့်...ကျွန်တော်လည်း ခနတော့ ငြိမ်နေလိုက်တယ်...။ ထို့နောက်...ကိုဘုန်းက ကျွန်တော့်မက်မွန်သီး၂ခုလုံးကို ဆွဲညစ်နေတာကြောင့်...မလုပ်နဲ့တော့လို့ပြောတာကို ပြောလို့မရဘူး...။

MY ONLY ONE (completed)Tahanan ng mga kuwento. Tumuklas ngayon