Extra-2(Uni)

15.8K 964 25
                                    

"အင်း.....အသေးလေး..
အာ့ ဘာရုပ်နေတာရဲ.." ဆိုပြီး ထစ်နေတဲ့ပါးစပ်ကို ပြန်ရိုက်လိုက်ပြီး

"အင်း......ဘာလုပ်နေတာလဲဟင်..အသေးလေး.."

စကားမပီချင်လည်း မပီချင်စရာပဲ..။ အသေးလေးဝတ်ထားက ရှပ်အဖြူရောင်ကိုအောက်က ကြယ်စေ့၂လုံးပဲတပ်ထားပြီး..အောက်ခံဘောင်းဘီအတိုကိုဝတ်ကာ..ကုတင်ပေါ်မှာ ခြေချိတ်ထိုင်နေတာကြောင့်ပဲ ဖြစ်တယ်။ ရှပ်အဖြူကပါးလွန်းလို့ ခန္ဓာကိုယ်အပေါ်ပိုင်းပဲ အတိုင်းသားမြင်နေရတယ်..။

"ကိုဘုန်း....." ဆိုပြီး သံရှည်စွဲကာခေါ်ပြီး..အောက်နှုတ်ခမ်းကိုကိုက်ကာ မျက်လုံးတစ်ဖက်က်ိုမှိတ်ပြလာတဲ့အသေးလေးကြောင့်..ကျွန်တော်တကိုယ်လုံး ဖိန်းတိန်းရှိန်းတိန်းဖြစ်သွားတယ်..။ တံတွေးကိုသာ မြိုချလိုက်ပြီး...

"အင်း...အသေးလေး မအိပ်သေးဘူးလား.."

"ဒီည ရင်ခုန်စရာကောင်းတဲ့ညတစ်ညအဖြစ်ဖန်တီးကြမလား..."

"ဟင်...အဲ့တာဆို အသေးလေးပြောချင်တာက..."

"အင်း...ကိုဘုန်းကို ပေးမလို့..."

"ဟမ်...ဟို...ဟို...
ကိုယ်စိတ်မပါဘူး...."

"ဘာ!!!.....ဟွန်း...
ရတယ်....ပေးတဲ့သူက လိုလိုချင်ချင်ပေးတာတောင်မယူဘူးဆိုတော့...
ရတယ် မပေးဘူး..." လို့ ပြောပြီး စောင်ကိုခေါင်းမြှီးခြုံပြ်ီးအိပ်လိုက်တယ်..

အား...စိတ်တိုလိုက်တာနော်...
ရှက်လည်းရှက်ဖို့ကောင်းတယ်...
ကိုယ့်မှာ သူ့ကိုပေးဖို့ပြင်ဆင်ထားခဲ့ရတာ...သူကတော့ ငြင်းပြစ်တယ်...

ဟုတ်နေပါပြီ..ဟုတ်နေပါပြီ...
ကိုလင်းရှိန်သာပြောနေတာ မှန်နေပြီထင်တယ်...မကောင်းတဲ့ယောက်ျား..
နောက်နေ့တွေ လာပြောကြည့်...ဖြတ်ပြစ်မယ်..

"အား!....လန့်သွားတာပဲ...
လက်အေးကြီးနဲ့လာမဖက်နဲ့လို့ ဘယ်နှခါပြောရမလဲ?...
ဖယ်...လွှတ်...ဝေးဝေးမှာသွားအိပ်..."

"အသေးလေးကလည်း..အဲ့တာဘာဖြစ်နေတာလဲ?...ကိုယ့်ကိုစိတ်ဆိုးနေတာလား..."

"ဆိုးစရာလား မဆိုးပါဘူး....ဖယ်...
အိပ်ချင်နေတာမလား အိပ်တော့..."

MY ONLY ONE (completed)Where stories live. Discover now