Part-13(Uni)

23.9K 1.7K 11
                                    

   မနက်ကျွန်တော်နိုးလာတော့...ထင်တဲ့အတိုင်း ဘေးက ကိုဘုန်းဖျားနေပြီ...ပြောသားပဲ ဖက်ပြီး မအိပ်ပါနဲ့ဆိုတာကို...အခုတော့ဖျားပြီ...

"ကိုဘုန်း...ကျွန်တော်ဆရာဝန်ခေါ်ပေးမယ်နော်.."

"ဟင့်အင်း...မခေါ်နဲ့...
ဆေးသောက်လိုက်ရင် ပျောက်သွားလိမ့်မယ်..."

"ဘယ်ဖြစ်မလဲ?...ချွေးတွေလည်း ထွက်နေတာကို..."

"ရတယ်...ကိုယ်ဘာမှမဖြစ်ဘူး...
နားလိုက်ရင်ပျောက်သွားလိမ့်မယ်..."

"ပြောမရတော့လည်း...မခေါ်တော့ဘူး...
ချွေးတွေနဲ့ အဝတ်အစားလဲလိုက်လေ...
ကျွန်တော်အဝတ်အစားထုတ်ပေးမယ်.."

"အင်းအင်း..."

ကျွန်တော်လည်း...ကိုဘုန်းအတွက်အဝတ်အစားတွေထုတ်ပေးလိုက်ပြီး..

"ကျွန်တော် ဆန်ပြုတ်သွားလုပ်ပေးမယ်နော်.."

"အင်း..."

ကိုဘုန်းကိုပြောပြီး...အောက်ကိုဆင်းခဲ့ကာ...ထမင်းစားခန်းထဲဝင်လိုက်တယ်...။ ထမင်းစားခန်းရောက်တော့..ကြီးမြကိုတွေ့တယ်..

"ကြီးမြ...ဈေးသွားပြီးပြီလားဗျ.."

"သွားပြီးပြီလေ...ပြည့်လျှံလေး...
အောက်တောင်ဆင်းလာတယ်ဆိုတော့...သက်သာသွားပြီးလား..."

"ဟုတ်...သက်သာသွားပါပြီ...
သားကြက်သားဆန်ပြုတ်ပြုတ်ချင်လို့...အဲ့တာကြက်သားပါလား..."

"ပါတယ်လေ..."

"မြေးက နေကောင်းသွားပြီဆို...ကြာသားဆန်ပြုတ်ကဘယ်သူသောက်မလို့လဲ?..."ဆိုပြီး အဖိုးက ထမင်းစားခန်းထဲဝင်လာကာ...ကျွန်တော့်ကိုမေးတယ်...

"ကိုဘုန်းအတွက်..အဖိုး..."

"သူက ဘာဖြစ်လို့လဲ?..."

"ဖျားနေလို့...
သားဆီက ကူးသွားတာ ဖြစ်မယ်..."

"သြော်....
ဘယ်လောက်တောင်ကပ်နေလို့ ကူးရတာလဲ?..."

"ဟာ... အဖိုးကလည်း ဘာတွေမေးနေမှနမသိဘူး...
သားကြက်သားဆန်ပြုတ်သွားလုပ်တော့မယ်..."လို့ပြောပြီး မီးဖိုးဆောင်ထဲကို အမြန်ဝင်လိုက်တယ်...

ကြက်သားဆန်ပြုတ်မကျက်သေးတာမို့..ကျွန်တော်လည်း အဖိုးနဲ့အတူ မနက်စာစားလိုက်တယ်...။

MY ONLY ONE (completed)Tempat cerita menjadi hidup. Temukan sekarang