Cha-4

10.3K 1.7K 52
                                    

[Unicode]

​ဟော်ချွီမှာအိမ်ရာအနီးပတ်ဝန်းကျင်ကို နာရီဝက်​လောက်ပတ်​နေ​သော်လည်း သူ့အိမ်ကိုရှာမ​တွေ့​ဘူးဖြစ်​နေ​လေသည်။

​နောက်ဆုံးမှာ​တော့ သူ့ရဲ့စာအုပ်အ​သေး​လေးအား ထုတ်ယူလိုက်ပြီး အိမ်ဖုန်းကို​သာလှမ်းခေါ်လိုက်ရ​ပေ၏။

မဒမ်​ဟော်မှာတော့ ပါးပြင်မှာမျက်ရည်​တွေစီးကျ​နေပြီးဧည့်ခန်းထဲထိုင်လို့​နေသည်။

​သူမသားအငယ်ဆုံး​လေးအား ​တွေ့လျှင်တွေ့ချင်း
ဘာတခုမျှမလုပ်နိုင်​​တော့ပဲ ဖိနပ်ချွတ်ပြီးတာ​တောင် မ​စောင့် ရင်ခွင်ထဲသို့ခပ်မြန်မြန်လှမ်းဆွဲဖက်ထားလိုက်​တော့သည်။

သူမဟာ သူမချစ်သား​လေး​ကြောင့် ငိုယို​နေပြီးမျက်ရည်​တွေက ​ဟော်ချွီတီရှပ်ကို​တောင် စွတ်စိုသွား​စေ၏။

"အိမ်မှာ ဒရိုင်ဘာ​တွေရှိတာကို ဓါတ်ခွဲခန်းကို မင်းကခေါင်းမာမာနဲ့ တ​ယောက်တည်း သွားချင်တယ်...!! မားမားတနေကုန် ဘယ်​လောက် စိတ်ပူ​နေရတယ်ဆိုတာ မင်းမသိဘူး..! အက်စီးဒန့်တခုခုများဖြစ်လားဆိုပြီး ​သေ​လောက်​အောင်​ကြောက်​နေရတာ! အစားတလုပ်​တောင် မဝင်ဘူး..! "

​ဟော်ချွီမှာကျောက်ရုပ်ဖြစ်လို့သွားပေသည်။ သူဟာ သူ့အ​မေကို ဘာလုပ်ရမယ်မှန်းမသိဖြစ်​နေတဲ့ တုံဏိဘာဝေအမူအရာနဲ့ ကြည့်​နေပြီး သူ့နှုတ်ခမ်း​တွေက​တော့တင်းတင်းစေ့ပိတ်ထားသည်မှာ စကားတလုံး​တောင်ထွက်မလာ​ပေ။

မဒမ်​ဟော်သည် သူမသားနဖူး​ပေါ်က ဆံနွယ်လေး​တွေကို သပ်တင်​ပေးလိုက်ပြီး နှာ​ခေါင်း​လေးအား အသာဆွဲညှစ်လိုက်သည်။

သူမသားအငယ်ဆုံး​လေးက အလွန့်အလွန်ကို ညဏ်​ကောင်းသည်။ အသက် ၂၀ အရွယ်ကတည်းက ​ဒေါက်တာဘွဲ့ နှစ်ဘွဲ့ရပြီး သု​တေသနတက္ကသိုလ်ကို ဝင်​ရောက်နိုင်ခဲ့သည်။

နိုင်ငံတကာဆု​တွေကိုလည်း ​ရေတွက်မရနိုင်​လောက်တဲ့အထိဆွတ်ခူးခဲ့ပြီး တက္ကသိုလ်​တွေမှာ သူအား​ခေါ်ယူရန် အပြိုင်အဆိုင်အလုအယက် ကြိုးပမ်းခဲ့ရသည်။

Mathematical Physics နယ်ပယ်​မှာ​တော့ သူက အဓိကကျသည့် ရှေ့ဆောင်လမ်းပြသိပ္ပံပညာရှင်တ​ဦးလို့ ​သတ်မှတ်လို့ရ​ပေသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now