Cha-37.2

6.2K 1.4K 48
                                    

[Unicode]

​ယွီချင့်ဟွမ် ရုပ်ရှင်အဖွဲ့သား​တွေနှင့်သွား​ရောက်ပူး​ပေါင်းပြီး နောက်တ​နေ့​ရောက်ရင် ရိုက်ကူး​ရေးစတင်​တော့သည်။အကုန်လုံးဟာ မထင်မှတ်ထား​လောက်သည်အထိ အရာရာအဆင်​ပြေ​ချော​မွေ့​နေ၏။

ဝမ်​ရွေ​ရွေဟာ ယွီချင့်ဟွမ်ကိုသ​ဘောကျ​နှစ်သက်ကြောင်း လူတိုင်းက​​သေချာ​ပေါက်ပြောနိုင်​လေသည်။

​ကျောက်​ရွေက ယွီချင့်ဟွမ်နှင့်သူမအားတကိုယ်တည်းရှိ​​နေဖို့ ဘယ်​သောအခါမှခွင့်မပြုပေမယ့် သူမဟာအခွင့်သာတာနဲ့ယွီချင့်ဟွမ်နံဘေး​ရောက်​​ရောက်သွားတက်၏။

ရလာဒ်အ​နေနဲ့ ရိုက်ကူး​ရေးလုပ်စ​ဥ်မှာ သူမဟာ ညီမငယ်​လေးတ​ယောက်၏အကိုကြီးတ​ယောက်​အ​ပေါ်ထားရှိ​သောစိတ်ခံစားချက်ကို ​ကွက်တိပုံ​ဖော်ပြသသွားနိုင်တာမို့ မ​မျှော်လင့်ထားရ​အောင်အံ့အားသင့်ရသည်အထိပင်။

ယွီချင့်ဟွမ်ကလည်း ဝမ်​ရွေ​ရွေကို သ​ဘောကျနှစ်သက်သည်။က​လေးမ​လေးဟာငယ်​​ရွယ်သေး​ပေမယ့် ဇာတ်ကားတော်​တော်များများမှာပါဝင်ရိုက်ကူးဖူး​တာကြောင့် သရုပ်​ဆောင်တာတကယ့်ကိုမဆိုး​လှ​ပေ။

ပိုအဖိုးထိုက်တန်တဲ့အရာက​တော့ သူမဟာအ​တော်​လေးလိမ္မာ​ရေးချားရှိ​နေခြင်းပင်။ပင်ပန်းဆင်းရဲသောအ​ခြေအ​နေများတွင်တောင်မှ သူမဟာဘယ်​သောအခါမှအထွန့်မတက်ပဲ ဒါရိုက်တာခိုင်းတဲ့အတိုင်းဘာမဆိုလုပ်​ပေး​ခဲ့သည်။

သူမ၏ဇာတ်ဝင်ခန်းမရှိရင် ​​ဘေးနားတွင်တိတ်တဆိတ်​လေးထိုင်​နေပြီး နတ်သမီးပုံပြင်​စာအုပ်လေး​တွေဖတ်​နေတာ ဒါမှမဟုတ်ရင် တ​ယောက်တည်းတွေ​​ဝေ​​ငေး​မောနေတက်၏။

သူမငိုခဲ့တဲ့တခုတည်း​သောအချိန်က​တော့ သူမဘာသာ​မ​တော်တဆချော်လဲပြီး အရမ်းနာလို့မျက်ရည်တွေပိုးပိုး​ပေါက်​ပေါက်စီးကျလာ​သောတ​ခေါက်သာ။

တ​နေ့တာရိုက်ကူးပြီးစီးသွား​တဲ့အခါ ​ကျောက်​ရွေမှ ဝမ်​ရွေ​ရွေအား ကိုယ်တိုင်ကိုယ်ကျဟိုတယ်ပြန်ပို့ပြီး စက်ပစ္စည်းများထုပ်ပိုးသိမ်းဆည်းရန်ပြန်​ရောက်လာသည်။ယွီချင့်ဟွမ်က​နေ သူ့အခန်းသို့မပြန်​သေးပဲ နောက်လိုက်အဖြစ် ကူညီလုပ်ကိုင်​ပေး​နေ၏။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now