Cha-38

6.6K 1.4K 111
                                    

[Unicode]

"​နောက်...​​နောက်ဆုံးတ​​ခေါက်က" ​

ဟော်ချွီနားရွက်​ဖျားလေး​တွေမှာနီရဲ​​လို့​နေ​လေပြီ။ခေါင်းကိုငုံ့ကာယွီချင့်ဟွမ်မျက်လုံး​တွေထဲ​စေ့​စေ့မကြည့်ရဲပဲ ဝိုးတိုးဝါးတားရှင်းပြ​လာ၏။

"အရင်တ​ခေါက်က? ငါဘာလို့မသိရတာလဲ?" 

ယွီချင်ဟွမ်စိတ်ထဲထူးဆန်း​သောစိတ်ခံစားချက်တမျိုးရုတ်ခြည်းရလိုက်သည်။

သူဟာခုချိန်ထိဟော်ချွီရင်ခွင်ထဲမှာရှိ​နေ​ဆဲဖြစ်တယ်ဆိုတာကို​တောင်​မေ့​လျော့​နေခဲ့၏။ထို့​နောက်တွင်မျက်လုံးများ​မှေးကျဥ်းလို့​တဖက်လူအားဖိအား​ပေးလိုက်ရင်း

"မင်းငါ့ကို​ဖြေရှင်းချက်တခုပေးဖို့လိုတယ်"

​ဟော်ချွီမှာသူ့အ​ပေါ်ချင့်ဟွမ်စိတ်ဆိုးသွားမှာစိုးထိတ်တာ​ကြောင့် နာခံစွာဖြင့်အမှန်အတိုင်းဝန်ခံ​ပြောပြလိုက်တော့သည်။

"​အရင်တ​ခေါက် မင်းဖျား​နေတုန်းက..."

ထို့​နေ့တုန်းက ယွီချင့်ဟွမ်ပုံမှာအလွန်ဝမ်းနည်းအားငယ်​နေပုံရသည်။အိပ်မက်ဆိုး​တွေမက်​နေ​တာကြောင့်ပဲလားမသိ အိပ်နေတုန်း​​တောင် က​ယောင်ကတမ်းတွေ​​ဆိုနေခဲ့၏။

ယွီချင့်ဟွမ်အားခုလိုမြင်လိုက်ရရင် ဟော်ချွီရင်​တွေကွဲ​ကြေသွားခဲ့ရသည်။ဘာလုပ်ရမယ်ဆိုတာသူမသိ​ခဲ့ပေ။

​ခြေမကိုင်မိလက်မကိုင်မိ​ကြံရာမရဖြစ်​နေတဲ့အခိုက်အတန့်​လေးအတွင်းမှာ သူဟာကုတင်​ပေါ်ခုန်တက်လိုက်ရင်းယွီချင့်ဟွမ်အားသူ့ရင်ခွင်ထဲ​ထွေး​ပွေ့ထားလိုက်မိကာ ထိုနည်းလမ်းဖြင့်အကြင်သူအားနှစ်သိမ့်မှုတစုံတရာပေးအပ်နိုင်ရန်မျှော်လင့်​နေခဲ့သည်။

ဒါဟာတကယ့်ကိုသဘာဝလွန်ဖြစ်ရပ်တခုပင်။​ဟော်ချွီထံမှပွေ့ဖက်ခံလိုက်ရတာနှင့်တပြိုင်နက် အဖျား​ကြီး​နေ​သောယွီချင့်ဟွမ်မှာတ​ဖြည်းဖြည်းငြိမ်ချက်သားကျသွားပြီး​ နောက်ဆုံးမှာမြန်မြန်ဆန်ဆန်အိပ်​​မောကျသွား​တော့သည်။

ဟော်ချွီအတွက်က​တော့ ဒီကိစ္စ​​သေး​သေးလေးမှာအလွန်တရာချို​မြိုန်မှုရှိတဲ့သကြားလုံး​လေးတလုံးလိုပင်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now