Cha-44.2

6.5K 1.3K 100
                                    

[Unicode]

"ဟမ်?"

ဟော်ချွီပြောတာကြားလိုက်ရသောအခါ ယွီချင့်ဟွမ်မှာရုတ်တရက်မည်သို့တုန့်ပြန်ရမှန်းမသိဖြစ်သွားရ၏။စက္ကန့်အနည်းငယ်ကြာမှခေါင်းညိတ်ပြလိုက်ပြီး ထိုအခါမှဟော်ချွီမှာသူ့အားထွက်ခွာရန်ဆွဲခေါ်သွားနေပြီဆိုတာကိုတွေ့လိုက်ရသည်။

"ခဏလေး"

ယွီချင့်ဟွမ်မှသူ့အား‌ခဏရပ်ခိုင်းလိုက်ပြီး ချင်ကျန့်ဘက်လှည့်၍

"ကော ဘယ်သွားဦးမှာလဲ?"

"ကားကိစ္စအရင်သွားဖြေရှင်းမလို့"

ချင်ကျန့်မှခေါင်းငုံ့၍ သူ့အားပြုံးပြလာသည်။

"အခုမင်းဆီမှာငါ့ဖုန်းနံပတ်ရှိသွားပြီဆိုတော့ ဖုန်းဆက်လိုက်နော်! ပြီးရင်လိုအပ်တာရှိရင်ငါ့ဆီလာခဲ့"

"ကျေးဇူးပါ ကော"

ယွီချင့်ဟွမ်မှသူ့အားပြန်လည်ပြုံးပြလိုက်ပြီး တခုခုပြောမည်လုပ်လိုက်စဉ်မှာ ဟော်ချွီမှသူ့အားအလောတကြီးအပြင်ခေါ်ထုတ်သွားလေပြီ။

ယွီချင့်ဟွမ်မှာအတန်ငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားရပြီး ချင်ကျန့်အားနှုတ်ဆက်စကားသာဆိုလိုက်ရကာ ဟော်ချွီခြေလှမ်းများအတိုင်းပါသွားခဲ့၏။

သူဟော်ချွီနောက်လိုက်မှီသွားတဲ့အချိန်မှာ ဟော်ချွီသည်ရုတ်တရက်နောက်ပြန်လှည့်ပြီး ချင်ကျန့်ထံအကြည့်တချက်ရောက်သွားတာကိုတော့မတွေ့မြင်လိုက်ရပေ။

အေးစက်ပြီးရန်လိုနေသောထိုမျက်ဝန်းအစုံသည် ထူထပ်သိပ်သည်းနေသောသတိပေးချက်တွေနှင့်ဖုံးလွှမ်းပြည့်နှက်နေသည်မှာ ရက်စက်ကြမ်းကြုတ်ပြီးအကြင်နာကင်းမဲ့သော ဝံပုလွေသားပေါက်လေးတကောင်အလား။

ယွီချင့်ဟွမ်နှင့်ချင်ကျန့်ရဲ့အဖွဲ့လိုက်ဓါတ်ပုံများ Adaရဲ့ Weiboပေါ်တွင် ရောက်သွားသည်နှင့် ချက်ချင်းပဲအုတ်အော်သောင်းတင်းဂယက်ရိုက်သွားစေတော့သည်။

Ada ရဲ့ Spokesmanဟာ ချင်ကျန့်ဖြစ်နေလိမ့်မယ်လို့ ဘယ်သူကမမျှော်လင့်ထားခဲ့မိပေ။ယွီချင့်ဟွမ်မှာတကယ့်ကိုကံကောင်းလွန်းခဲ့သည်။နာမည်ကြီးဘရန်းစ်တခုရဲ့ နိမ့်ပါးသောနာရီစီးရီးလေးတခုကိုကြော်ငြာပေးခဲ့ရုံသာဖြစ်ပေမယ့် ချင်ကျန့်လိုလူမျိုးနှင့်ဆယ်နွယ်မှုခဲ့ရသွားခဲ့လေပြီ။ထို့အချက်က များစွာသောလူအပေါင်းအားမနာလိုအူတိုဖြစ်စေခဲ့၏။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now