Cha-26.1

8.3K 1.6K 54
                                    

[Unicode]

ယွီချင့်ဟွမ်သရုပ်​ဆောင်ရမည့်အပိုင်းမှာပထမဦးဆုံးမဟုတ်​ပေ။

တခြားသူ​တွေ၏ သရုပ်​ဆောင်မှု​တွေကို​​အချိန်တခု​လောက်စောင့်ကြည့်လေ့လာပြီး​နောက် သူဟာထောင့်တ​စ်နေရာသို့သွားပြီးသူ့အလှည့်စောင့်ရင်း စာ​သားများကိုကျက်မှတ်​နေ၏။

ယွီချင့်ဟွမ်မှာရိုက်ကူး​ရေးအတွင်းအ​လေ့အကျင့်တခုဖြစ်ထွန်းလာခဲ့သည်။ထိုအရာမှာစာ​သားများကို နှလုံးသားထဲစွဲ​နင့်နေ​သည်အထိမှတ်သားပြီး တချိန်တည်းမှာပဲ သူ့ကိုယ်သူ တဖက်လူရဲ့ စကားအသွားအလာ​တွေနဲ့ပါ ရင်းနှီးကျွမ်းဝင်​​လာ​​​စေဖို့ပင်။

ထိုမှသာ သူအ​နေနဲ့ အ​ကောင်းဆုံးတုံ့ပြန်သရုပ်​​ဖော်မှုကိုဆက်စပ်ရ​ရှိပေမည်။

"ချင့်ဟွမ်, ဒီကိုလာ ဒီကိုလာ ကန်စွန်းဥမီးကင်လေးလာစားလှည့်"

သူစာမျက်နာတစ်ခုပြီးလို့နောက်တစ်မျက်နာလှန်မည်လုပ်စဥ်မှာပဲ ယွီရှင်းသည် လက်ထဲစက္ကူအိတ်တခုကိုင်ရင်း ​သူ့ထံပြေးချလာသည်။

ထို့​နောက် သူကအနူးအိဆုံးတခုကို​​ရွေးယူလိုက်ပြီး ချင့်ဟွမ်အား​ကမ်းပေးလိုက်ရင်း အပြုံးတခုဖြင့်
ဆိုလာသည်။

"ဒါ​လေးချိုတယ် ရှန်ယီလက်​ထောက်က မင်းအတွက်ပို့​ပေးသွားတာ"

ရှန်ယီဆိုတာ ယွီရှင်း​အောက်မှာရှိတဲ့ ​ပေါ်ပြူလာအဖြစ်ဆုံး B-list Celebrity တ​​ယောက်ဖြစ်သည်။

အတိတ်ဘဝတုန်းကယွီရှင်းသည် ထိုသူ့အားရှုတင်​နေရာသို့လိုက်ပို့ရင်းလမ်းမှာကားအက်စီးဒန့်ဖြစ်ကာ ပွဲချင်းပြီး​ ဆုံးသွားခဲ့သည်။

ယွီရှင်းမှာကြင်နာသနားတက်တဲ့နှလုံးသားရှိသည်။
ရှန်ယီမျက်နှာထိခိုက်သွားမှာစိုးရိမ်တာ​ကြောင့် သူသည်တက်နိုင်သမျှ သူ့မျက်နှာကိုကာကွယ်​ပေးခဲ့ပြီးရလာဒ်က​တော့ လူတိုင်း​နေရာတင်ပွဲချင်းပြီးဆုံးသွားကြ​ပေမယ့်ရှန်ယီတ​ယောက်က​တော့လက်မောင်းတွင် အညိုအမည်းဒဏ်ရာတခုသာရခဲ့သည်။

သို့​သော် ရှန်းယီမှာ ယွီရှင်း၏ စျာပနပွဲကို​မေ့​လျော့​နေခဲ့၏။အဘယ်​ကြောင့်ဆို​​သော် သူ့ရှူးဂါးဒယ်ဒီကို ခစား​နေရလို့ပင်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now