Cha-37.1

6.8K 1.3K 32
                                    

[Unicode]

​ကျောက်​ရွေပြန်သွားတာအ​တော်​လေးကြာသည့်တိုင်အောင် ယွီရှင်းဟာ သူ့ဘာသာအပြစ်တင်လို့မဆုံးဖြစ်​နေ​သေးသည်။

ထိုင်လိုက်ထလိုက် ထလိုက်ထိုင်လိုက်ဖြင့် အခန်းထဲ​ဒေါင်း​တောက်​အောင်မနားမ​နေပတ်​နေပြီး​နောက်ယွီချင့်ဟွမ်အား​မေးလာသည်။

"ချင့်ဟွမ် ငါကတကယ့်ကို​သွေး​အေးသတ္တဝါဖြစ်​နေပြီလား? အာ..ငါသူ့ကိုဖုန်း​​ခေါ်ပြီး​တောင်းပန်သင့်တယ်လို့မင်းထင်လား?"

Orange ဟာ ​ကျောက်​ရွေရဲ့ဘဝဖြစ်ရပ်မှန်က​​နေ မှီငြမ်းထားတယ်ဆိုတာ သူဘယ်လိုမှမထင်ထားခဲ့​။သူထင်လိုက်တာက ​​ကျောက်​ရွေဟာ ခေတ်​ရေစီး​ကြောင်းအရ ပေတိ​ပေစုတ်ပုံဖမ်းထားတယ်လို့​သာ။ ​

အ​စောတည်းကသာကြိုသိခဲ့မယ်ဆိုရင် သူ့ရဲနာကျင်စရာမှတ်ဥာဏ်​တွေကို ဘယ်​တော့မှဟာသလုပ်မိမည်မဟုတ်​ပေ။

"ရပါတယ်" ယွီချင့်ဟွမ်က​နေ သူ့အားနှစ်သိမ့်လာ၏။

"တမင်လုပ်တာမှမဟုတ်တာ ​ကျောက်​ရွေစိတ်ထဲထားမှာမဟုတ်ပါဘူး"

တ​အောင့်​လောက်ရှိနေပြီး​​တောင် ယွီရှင်းမျက်နှာထက်ဝယ်အပြစ်မကင်းစိတ်​တွေအတိုင်းသားနေရာယူရက်သား​ရှိ​နေ​သေး​တာကိုတွေ့လိုက်ရ​သော် သူက​ပြောလာ၏။

"တကယ်လို့များ ဒါဟာ သူဘယ်​​တော့မှမထိ​တွေ့ဝံ့တဲ့ အ​ကြောင်းအရာတခုသာဖြစ်​နေမယ်ဆို ဇာတ်ညွှန်းအဖြစ်အသက်သွင်းပြီး ရုပ်ရှင်အ​နေနဲ့​တောင် သူဘယ်​​လိုမှရိုက်ကူး​နေလိမ့်မှာမဟုတ်ဘူး"

ထိုအရာက ယွီရှင်းအား ချက်ချင်းဆိုသလိုရွှင်လန်းလာ​စေပြီး

"မင်း​ပြောတာမှန်တယ် ငါကတကယ့်ကိုတုံးအလိုက်တာ"

ယွီချင့်ဟွမ်ကရေ​နွေးပူပူတခွက်ငှဲ့​လိုက်ရင်း သူ့​ရှေ့တွန်းပို့လိုက်ကာ ​နောက်​အ​ကြောင်းအရာခေါင်းစဥ်တခု​ပြောင်းဖို့ကြိုးပမ်းလိုက်သည်။

"​ကော ကျွန်​တော့်ကို အာ​ဟာရပညာရှင်တ​ယောက်ရှာ​ပေးဦး ကျွန်​တော်ကိုယ်အ​လေးချိန်အနည်းငယ်ချချင်တယ်"

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now