Cha-1

25K 2.1K 67
                                    

[Unicode]

တိတ်ဆိတ်ငြိမ်သက်​နေ​သောလူ​ရွေးပွဲတွင် ပတ်ဝန်းကျင်လေထုသည် အလွန်အမင်းကိုတင်းမာနေ၏။

ရွေးချယ်ပွဲတွင်ဝင်​ရောက်ယှဥ်ပြိုင်မည့် သရုပ်​ဆောင်​တွေ၏ စက္ကန့်နှင့်အမျှ သူတို့၏ဇာတ်ညွှန်း​တွေကို အပူတပြင်းဖတ်​ရှု နေသည်ကို မြင်​တွေ့​နေရသည်မှာ စာ​မေးပွဲ​ဖြေခါနီး​ကျောင်းသား​တွေအ​သေအလဲ စာ​နွှေးနေကြသလိုပင်။

ယွီချင့်ဟွမ်တ​ယောက်သာ မည်သည့်စိတ်လှုပ်ရှားမှုမှမရှိဘဲ လစ်ဟာ​နေသည့်သုန်သုန်မှုန်မှုန် အမူအရာဖြင့် ငူငူကြီးရပ်​နေခဲ့သည်။သူ့လက်ထဲကိုင်ထားတဲ့ဇာတ်ညွှန်းဆိုရင် သူ​တောင်သတိမမူမိဘဲ ကြမ်းပြင်ပေါ်ကျ​နေပြီးဖြစ်သည်။

သူ့ရဲ့လုပ်​ဆောင်ချက်ဟာ အခုလက်ရှိ​သူရောက်​နေသည့်ပတ်ဝန်းကျင် အ​ခြေအ​နေနှင့်တော့ သဟဇာတလုံးဝမဖြစ်​နေ​ပေ။

သို့တိုင်​အောင် ရှက်​သွေးဖြာ​နေ​သောအမူအရာနှင့် အမျိုးသမီးတချို့သည် သူ့ကိုတိတ်တိတ်​လေး ခိုးကြည့်​နေကြ​​သေးသည်ပင်။အနုပညာ​လောကမှာ ဆွဲ​ဆောင်မှုရှိတဲ့လူ​တွေ မရှားပါးလှတာအမှန်​ပေ။ သို့​သော်လဲ သူတို့ရဲ့အလှအပတွေသည် ယွီချင့်ဟွမ် နဲ့ နှိုင်းယှဥ်လိုက်ရင် အကုန်မှေးမှိန်​ ပျောက်ကွယ်သွားကြ၏။

သူ၏အလွန်ထင်ရှားလှပသည့်နှာတံကို...အထူး​ကောင်းမွန်တဲ့မျက်ခုံး​များ...ခြွင်းချက်မရှိ​အောင် တင့်တယ်လှပ​သော မက်မွန်ပွင့်သဏ္ဍန် မျက်ဝန်းအစုံနဲ့အတူ​ ပေါင်းဖက်ထား​လေသည်။

သူရဲ့ မျက်ဝန်း​တွေဟာ ညို့ယူဖမ်းစားနိုင်စွမ်းအပြည့်​ တောက်ပ​နေတက်ပြီး မျက်နက်ဝန်း​လေးထဲစိုက်ကြည့်လိုက်ရင် စိမ့်စမ်း​ရေတည်ရှိနေသ​ယောင် ထင်ရ​လောက်တဲ့အထိ လှပပြီးရှည်လျားထူထဲလှ​သော မျက်​တောင်များနှင့် ဘောင်ခတ်ခြံရံထားလို့​နေ၏။

သူ​၏ဘေးတိုက်ငဲ့​စောင်းအကြည့်တချက်ပင်လျှင် ​ဖော်ပြခြင်းငှာ မစွမ်းသာတဲ့ခံစားချက်​တွေကို​ ပေးစွမ်းနိုင်​လေသည်။လှပတဲ့ရုပ်ရည်သာမက သူ့တွင်ဖြောင့်မတ်ပြီး ကျက်သ​ရေရှိလှတဲ့ ကိုယ်ဟန်အ​နေအထား အမူအရာမျိုး ပိုင်ဆိုင်​လေသည်။သူတ​ယောက်တည်းရပ်​နေသ​ရွေ့ အပြင်လူ​တွေအဖို့ သူတို့ရဲ့အမြင်အာရုံတွေကို သူ့ဆီက​နေရုတ်သိမ်းဖို့ဆိုတာ မဖြစ်နိုင်​လောက်​အောင်ပင်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now