Cha-19

8.1K 1.6K 73
                                    

[Unicode]

အမှန်တော့ ဟော်ချွီခုံနေရာမှာ ရှေ့ဆုံးတန်းတွင် သိသာထင်ရှားစွာရှိနေသော်လည်း သူကတော့
ထိုခုံကိုရှာမတွေ့ပေ။

လေယာဉ်မယ်​တွေအိတ်တင်သည့်စင်တွေကို စတင်စစ်ဆေးချိန်တောင်ရောက်ရှိတော့မည် ဖြစ်သော်လည်း ဟော်ချွီက​တော့ သူ့ခုံနေရာကို ရှာမတွေ့သေးပေ။ဖြစ်ချင်တော့ ယခုတခေါက် သိပ္ပံပညာရှင်အုပ်စုအဖွဲ့မှာလည်း သူနဲ့မရင်းနှီးသူများဖြစ်လို့နေသည်။

ဟော်ချွီမှလေယာဉ်ခန်းထဲ ဟိုဘက်သွားလိုက် ဒီဘက်လာလိုက်ဖြစ်နေတာမြင်သော် သူတို့ဟာ ဉာဏ်ကြီးရှင်ဟော်ချွီက တစုံတခုကို လေးလေးနက်နက်စဉ်းစားတွေးခေါ်နေတာဖြစ်ရမည် ဟူ၍မှတ်ထင်လိုက်ပြီး သူတို့ရင်ထဲတွင်တော့ ဉာဏ်ကြီးရှင်တွေဆိုတာ သာမာန်ညောင်ညလူတွေနှင့်အ​တော်လေးကိုကွဲပြားခြားနားပါလားလို့သက်ပြင်းချနေမိရင်း အားလုံးက သူ(ဟော်ချွီ)အား နှုတ်ခွန်းဆက်နေကြသည်။

“ဟိုင်း ပရော်ဖက်ဆာဟော်!”

“ပရော်ဖက်ဆာဟော် မင်းနဲ့တွေ့ဆုံရတာ တကယ့်ကို
ဂုဏ်ယူဝမ်းမြောက်စရာပါပဲ!”

“ပရော်ဖက်ဆာဟော် တကယ်လို့များ... ပြောချင်တာကလေ မင်းမှာအချိန်လေးများရှိခဲ့ရင် Astrophysics အကြောင်းအရာနဲ့ပတ်သက်ပြီး ငါတို့ဆွေးနွေးလို့ရနိုင်မလား?”

........

ဟော်ချွီမှာ ယဉ်ကျေးပျူငှာသော လူငယ်တဦးဖြစ်၏။ ထို့ကြောင့် တစုံတယောက်က သူ့အား စကားဆိုလာသည့်အခါတိုင်း ပြန်လည်တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြကာရပ်တန့်‌တန့်သွားရသည်။

သူ့မျက်နှာသွင်ပြင်မှာ တလေးတနက်ဖြစ်သွားသည့်အခါတိုင်း အတော်လေးထင်ယောင်ထင်မှားဖြစ်လွယ်ကာ ချောမောတည်ကြည်ခန့်ညားနေ၏။ ထို့ကြောင့် ဖြတ်သွားဖြတ်လာသူတိုင်းမှာ သူ၏အကျပ်အတည်းပြသနာကိုသတိမမူမိကြပေ။

နောက်ဆုံးတွင် ချန်းယာဖခင်မှာ တခုခုမူမမှန်ဖြစ်နေတာကိုသတိပြုမိသွားပြီး သူ့ဆီအပြေးသွားလို့ သူ့ထိုင်ခုံနေရာမှာ သွားရောက်နေရာချထားပေးလိုက်ရသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now