Cha-8

9K 1.8K 84
                                    

[Unicode]

ယွီချင့်ဟွမ်မှာအိမ်ပြန်ရောက်တာနှင့်ဝတ်စားဆင်ယင်ပြီး ရီပင်းသို့ထွက်ခွာသွား​တော့သည်။
၅ နာရီခွဲတိတိအချိန်လောက်မှာပဲ ရောက်သွား
၏။

ဒါရိုက်တာအဖွဲ့ဝင်တွေပဲရောက်နေသေးကာ သရုပ်ဆောင်ပိုင်းကတယောက်မှရောက်မလာကြသေးပေ။

လျိုကျားအန့်မှာ သူ့အားမြင်လိုက်လျှင် ပြုံးပြပြီးထိုင်ဖို့ပြောလေသည်။

ထို့နောက်တွင် သူသည် ထိုနေ့ကအဖြစ်အပျက်အလုံးစုံကို ကျန်းချီအားပြောပြနေပြီး သူ့အတွက်စကားကောင်းလေးတွေပြောပေးနေ၏။

"ဒီကလေးမဆိုးဘူး ...ငါ သူ့ဆီမှာတစုံတရာမြင်နေရတယ်.."

ကျန်းချီကခေါင်းကိုညိတ်ပြ၏။ သူ ယွီချင့်ဟွမ်အပေါ်ထားရှိသည့်အထင်အမြင်သေးမှုမှာများစွာနိမ့်ကျလျော့ပါးသွားခဲ့၏။

"အင်း ဒီလူငယ်လေးက အတော်​လေးအလားအလာရှိတယ်.."

ဒီနေ့ခေတ်သရုပ်ဆောင်တွေအများစုက Big star လား C-list Celebrity လား ဘယ်သူမဆို မြောက်ကြွမြောက်ကြွလုပ်ချင်ကြသည်။

Net Play လေး တခါလောက်ရိုက်ဘူးယုံလောက်နှင့် သူတို့ကိုသူတို့ Super Star လိုလိုယူဆလိုက်ကြတော့ကာ သရုပ်ဆောင်စွမ်းရည်ရယ်လို့က မယ်မယ်ရရပြစရာမရှိ အားနည်းချက်ပြစ်ချက်တွေ တပုံတပင်နှင့်ပင်။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ယွီချင့်ဟွမ်မှာအံအားသင့်ဖွယ် သရုပ်ဆောင်စွမ်းရည်ရှိသော်လည်း သူ၏လိုအပ်ချက်တွေကိုအမြဲသုံးသပ်နေကာ နှိမ့်နှိမ့်ချချလူမသိသူမသိ​လေးသာနေလေသည်။

သူ့မှာအလားအလာတွေရှိတယ်...

ဒါကိုတွေးမိလိုက်​သောကျန်းချီမှာ မပြောရမနေနိုင်ပြောလိုက်မိသည်။

"ချင့်ဟွမ် မင်းကိုယ်မင်းသိမ်ငယ်မနေနဲ့..မင်းမှာ သရုပ်ဆောင်စွမ်းရည်ကောင်းတွေရှိတယ်.. အခွင့်အလမ်းကောင်းတွေသာရှိလာရင် ဖမ်းဆုပ်ထားတော့..."

သူသိရသ​လောက်က​တော့ ဒီကလေးမှာ သူ့သရုပ်ဆောင်စွမ်းရည်အပေါ် ယုံကြည်ချက်ပျောက်ဆုံးနေသည့်အတွက် ရဲ့ရှင်းဇာတ်ကောင်နေရာနှင့်တောင် ကပ်သီးလေးလွဲ​ချော်ရ​တော့မလို့ပင်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now