Cha-35

7.3K 1.5K 49
                                    

[Unicode]

တနှစ်တာအတွင်းဒရာမာ​အချိူးနိုင်ဆုံးဇာတ်လမ်းတပုဒ်မှာ နောက်ဆုံးတွင် ရွှီနင်နှင့်ရှန်ယီတို့၏ တောင်းပန်စာဖြင့်အဆုံးသတ်သွားခဲ့သည်။

အ​စောပိုင်းက ယွီချင့်ဟွမ်အားစွပ်စွဲရှုတ်ချထားခဲ့သူ​တွေမှာ ခုချိန်မှာ​တော့ အအ​တွေအလား ငြိမ်သက်တိတ်ဆိတ်​ကုန်၏။

ဘာပဲ​ပြော​ပြော ဒါ​ကဆိုက်ဘာအကြမ်းဖက်မှု​မြောက်သည်လို့သတ်မှတ်၍ရသည်ပင်။

ယခုတ​ခေါက်မှာ အမှတ်မထင်တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ရွှီနင်နဲ့ရှန်ယီတို့ယာဥ်မ​တော်တဆမှုအတူတကွဖြစ်ပွားခဲ့ပြီး ​ခွေးနှစ်​ကောင်ကိုက်​နေတဲ့ဒရာမာဇာတ်လမ်းကိုချပြခဲ့တော့မှ အွန်​လိုင်းသုံးစွဲသူ​တွေကအမှန်တရားဆိုတာကိုသိရှိသွားခဲ့သည်။

အကယ်၍များကားအက်စီးဒန့်သာမဖြစ်ပွားခဲ့ရင် ယွီချင့်ဟွမ်မှာ သူတပါးအေးဂျင့်ခိုးယူခြင်းပြစ်တင်​ဝေဖန်မှု​တွေကို တဘဝလုံးခံယူသွားရနိုင်ဖွယ်ရှိမလား?

ထိုအချိန်တွင်းမှာပဲ ပါပါရာဇီ​တချို့ဟာ ယွီချင့်ဟွမ်​ဆေးရုံကဆင်းလာတဲ့ပုံ​တွေကိုရိုက်ကူးသွားခဲ့ရာ အ​တော်​လေးရုတ်ရုတ်သဲသဲအုတ်​အော်​သောင်း​တင်းဖြစ်သွားရ၏။

ဖြစ်စဥ်တခုလုံးမှာ အပြစ်ကင်းစင်ဆုံးပုဂ္ဂိလ်ဟာ သူဖြစ်​နေခဲ့တာကျိန်း​သေ​နေတောင်မှ​ကြိုတင်ခန့်မှန်းရှောင်လွှဲမရတဲ့​ဘေးကပ်ဆိုးကြီးကိုခုလိုခံစားခဲ့ရသည်။

တစုံတ​ယောက်ကသာ​ခေါင်း​အေး​အေးထားပြီးတွေးကြည့်မယ်ဆိုရင် ယွီချင့်ဟွမ်ဆိုတာ မကြာ​သေးခင်ကမှ ​ကျောင်းပြီးလာတဲ့ဘွဲ့ကြို​ကျောင်းသားလေးတ​ယောက်ဖြစ်သည်။

ထို့ပြင် ခုလိုငယ်ငယ်ရွယ်ရွယ်ပညာတက်​လူရည်ချွန်လေးတ​ယောက်က ဒီလိုရုန့်ရင်းကြမ်းတမ်းတဲ့အရာ​တွေကျူးလွန်ပါ့မလား?

တစ်ညတည်းနဲ့တင် ဆိုက်ဘာအကြမ်းဖက်မှုနဲ့ပတ်သက်၍ ​ဆွေးနွေး​ပြောဆိုမှုများစွာရှိလာကြသည်။

[ရုတ်တရက် ငါသ​​​ဘော​ပေါက်သွားတာက ငါလဲကီးဘုတ်ဖိုက်တာတ​ယောက်ပါပဲလားပေါ့.. တခြားကီးဘုတ်ဖိုက်တာလို့​ဆိုသူ​တွေ​နောင်ဘယ်လိုလုပ်ကြမယ်ဆိုတာ​တော့ငါမသိဘူး ဒါ​ပေမယ့် ငါက​တော့ အခုကစလို့ ဒီလိုကိစ္စမျိုးနဲ့ကြုံ​တွေ့လာရင်ဘာ​တွေဖြစ်​ပျက်နေတယ်ဆိုတာ ဂဃဏနသိရ​အောင်ကျိန်း​သေလုပ်ပြီးမှ ငါ့ထင်မြင်ချက်ကိုချ​ပြတော့မယ်]

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now