Cha-11

9K 1.8K 216
                                    

[Unicode]

အင်တာဗျူးကောင်မလေးမှာမတက်သာဘဲ သူမမျက်နှာအားပြန်ပွတ်သပ်​နေပြီး သူဘာတွေများပြောမိလိုက်လဲ ပြန်လည်တွေးတောနေမိကာ အမှားတစ်စုံတရာများလုပ်လိုက်မိလေသလား ပြန်လည်ဆန်းစစ်နေရရှာသည်။

ဘာပဲဖြစ်ဖြစ်ငါကအရင်လိုလှမြဲလှဆဲပဲ.. ပြီးရင် National TV အတွက်အလုပ်လုပ်​နေတာလေ.. ဘယ်နေရာကမှားယွင်းနိုင်မှာလဲ? ဒါမှမဟုတ်ရင် ဒီလူက သူပြောတာကိုများကောင်းကောင်းမကြား လိုက်လို့များလားဟူ၍ တွေးမိလိုက်တော့သည်။

ထို့နောက် သူမသည်ချောင်းတချက်အသာလေးဟန့်လိုက်ကာ မျက်နှာပြောင်ပြောင် ခေါင်းမာမာနှင့်ပင် ထပ်မံမေးလိုက်ပြန်၏။

“ဟိုင်း... ကိုလူချောရေ အင်တာဗျူးလေးများလုပ်လို့ရမလား?”

​ကြောင်တိ​ကြောင်ကြားတိတ်ဆိတ်ငြိမ်သက်မှုအပြီးမှာ တဖက်လူသည် သူမအားအေးတိအေးစက် ခပ်ချောချောမျက်နှာဘေးတိုက်ဖြင့်သာ တုံ့ပြန်လေသည်။

ယခုအချိန်မှာတော့ကောင်မလေးမှာ အလွန်တရာရှက်အမ်းသွားမိပြီး ဒီအရာမှာတိုက်ရိုက်ထုတ်လွှင့်နေခြင်းမဟုတ်တာကိုပဲ ကျိတ်ဝမ်းသာနေရတော့သည်။ သို့မဟုတ်ပါက တနိုင်ငံလုံးက သူမကိုဟာသကြီးတခုလို မြင်နေရှာတော့မည်ဖြစ်၏။

စိတ်ပျက်လက်ပျက်ဖြင့် သူမကမိုက်ခရိုဖုန်းအား ရုတ်သိမ်းလိုက်တော့ကာ အဖွဲ့သားများကို တပ်ဆုတ်ခွာဖို့ အချက်ပြမယ်လုပ်တုန်းမှာပဲ အင်တာဗျုးသမားကောင်လေးတယောက်က သူမနောက်သို့ ခုန်ထွက်လာပြီး မိုက်ခရိုဖုန်းအားတက်တက်ကြွကြွနှင့် ဆွဲယူသွားတော့ကာ တဖက်သို့သွားပြီး ​​ဟော်ချွီအား မေးမြန်းပြန်တော့သည်။

“လူချောလေး အင်တာဗျူးဖြေဖို့ ဘာလို့ငြင်းဆန်တာလဲဆိုတာသိခွင့်ရှိမလား?”

အင်တာဗျူးကောင်လေးက မျက်စိလျင်လျင်ဖြင့် ​ဟော်ချွီထံမှ ပေါက်ကွဲထွက်လုနီးနီး အခြေအနေကို အာရုံခံမိသည့်အတွက်ကြောင့် အလိုလိုသိစိတ်ဖြင့် အပြေးအလွှားရှေ့တက်လာခြင်းဖြစ်ပေ၏။

သို့သော်လည်း ​ဟော်ချွီမှာ သူ့အားမသိကျိုးကျွန်ပြုထား၏။ သူသည်နှုတ်ခမ်းကိုဖွဖွကိုက်လိုက်ပြီး မျက်မှောင်ကြုံ့လို့ နောက်ဆုတ်သွားလေသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now