Cha-36

7.1K 1.5K 70
                                    

[Unicode]

ယွီချင့်ဟွမ်မှာ ​ဟော်ချွီအားအိမ်ပြန်မပို့ခင် အမဲခေါက်ဆွဲဆိုင်သို့ခေါ်​ဆောင်သွားခဲ့သည်။

ယခုနေရာကအမဲ​ခေါက်ဆွဲမှာအ​တော်​လေးအရသာရှိသည်။ တကြိမ်တ​ခါစားဖူးရုံမျှနှင့်ကို သူသ​ဘောကျနှစ်ခြိုက်သွားရသည်။ထို့​ကြောင့် မကြာမကြာရက်ခြားလာ​စားလေ့ရှိသည်။

"​ရော့"

သူဟာ အမဲသားများဖြင့်​မျက်နှာပြင်တွင်ဖုံးလွှမ်းပြည့်​နှက်နေ​သောခေါက်ဆွဲပန်းကန်အား​ဟော်ချွီ​ရှေ့တွန်းပို့လိုက်ရင်းအပြုံးတခုဖြင့်​ဆိုလိုက်၏။

"စားကြည့်ကြည့်"

​ဟော်ချွီမှ​ခေါင်းညိတ်ပြလာရင်း တူကို​ပျော်ရွှင်စွာ​ကောက်ကိုင်လိုက်သည်။

သူဟာခုထက်ထိတူနဲ့အကျွမ်းတဝင်မရှိ​သေး​​ပေ။ခေါက်ဆွဲကိုညှပ်ယူနိုင်ဖို့ကိုးရိုးကားယားနိုင်​စွာအကြိမ်ကြိမ်အဖန်ဖန်ကြိုးပမ်းလိုက်​ပေမယ့် ​ခေါက်ဆွဲတခု​​တ​လေတောင်ပါမလာ​သေးပေ။သူ့နှာ​ခေါင်း​လေးသာရှုံ့တွရှုံ့တွဖြစ်လာရ၏။

ယွီချင့်ဟွမ်မှာ သူရဲ့ဒီပုံပန်းသဏ္ဍန်ဟာရယ်စရာလဲ​ကောင်း​နေပြီး အလွန်အမင်းလဲချစ်ဖို့​ကောင်း​တယ်လို့ထင်မှတ်​နေ​တော့သည်။

​ဖြူဖြူ​ဖွေးဖွေးအိစက်​စက်ယုန်​ငယ်လေးတ​ကောင်ကဲ့သို့ သူ့အားဗိုလ်ကျအနိုင်ကျင့်ပစ်ချင်တဲ့စိတ်အာသီသ​တွေတဖွားဖွားပေါ်​ပေါက်လာ​စေ၏။

​​ဟော်ချွီအားကူညီရမယ့်အစား သူက​မေးထောက်စိုက်ကြည့်​နေလိုက်သည်မှာ ​ဟော်ချွီမျက်နှာ​တခုလုံးနီရဲ​တောက်လာပြီး တူလုံးဝဆက်မကိုင်နိုင်​တော့သည်အထိပင်။

​သေစမ်း! ဟော်ချွီမှာသူနောက်ထပ်​ဖျားပြန်ပြီ ဟူ၍ မှတ်ထင်နေ​တော့သည်!

ချင့်ဟွမ်မှ ခုလိုအပြုံး​လေးနဲ့သူ့အားကြည့်လာတိုင်း သူအသက်ရှုရတာခက်ခဲ​လာပြီး ခေါင်းထဲရီ​ဝေ​ဝေမူး​နောက်လာသလိုခံစားလာရသည်။

သူ့လည်ဇလုပ်​လေးမှာအ​​​ပေါ်အောက်​ရွေ့လျား​နေပြီး တဖက်လူအကြည့်​​တွေဆီက​နေရှောင်ရှားဖို့ရန်အတွက် ​မသိစိတ်အ​လျောက်ခေါင်းငုံ့သွားရင်း စွပ်ပြုတ်ရည်အားပါးစပ်အပြည့်အ​လောတကြီးသောက်လိုက်မိသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now