Cha-39

6.6K 1.3K 57
                                    

[Unicode]

​အော် ဒါဖြင့် သူရှေ့​ကလမ်း​ကြောင်းခင်း​​ခဲ့သမျှအရာတွေအားလုံးက ​ဒီဘူတာကိုဦးတည်​နေတယ်​ပေါ့..

ယွီချင့်ဟွမ်မှာဟော်ချွီအားမျက်စိ​စွေကြည့်လိုက်ရင်း​ "ဒီပုဂ္ဂိုလ်ဟာခုလိုကူလီကူမာအတက်တွေဘယ်တုန်းကများသင်ယူခဲ့ပါလိမ့်လို့?" တွေး​တော​နေမိ၏။

ဟမ့် ဟူ၍ သူဟာ​​ဟော်ချွီနဖူးပြင်အားအသာ​လေးထုကာ​ပြောလိုက်သည်။

"မဟုတ်ဘူး"

​ယွီချင့်ဟွမ်မှခုလိုငြင်းဆန်လာလိမ့်မည်လို့ဟော်ချွီမှာဘယ်လိုမှမ​မျှော်လင့်ထားခဲ့​။သူဟာခဏတဖြုတ်​လောက်မှင်တက်သွားပြီးနောက် ဘာဆက်လုပ်လို့ဘာကိုင်ရမည်ဆိုတာကို​စိုးစဥ်းမျှမသိ​တော့ချေ။

သူ့မျက်လုံးနက်နက်​လေး​တွေမှာအံ့အားသင့်မယုံနိုင်ခြင်းများစွာဖြင့် ပြူးကျယ်​နေတာ​ကြောင့် သူ့အားကြောင်စီစီလေးနှင့်ချစ်စဖွယ်​ကောင်းနေ​စေ၏။

ယွီချင့်ဟွမ်မှာမ​နေနိုင်တော့ပဲ တဖက်သူအားအတန်ငယ်မျှနောက်​ပြောင်​ချင်လာ​တော့သည်။ထို့​ကြောင့် ​ခြုံ​စောင်​အောက်က​နေ သူ့အားတချက်လှမ်းကန်လိုက်ပြီးပျင်းရိပျင်းတွဲ​ပြောလိုက်၏။

"ဘာလဲ? ပြသနာရှိလား?"

​​ဟော်ချွီမျက်နှာတခုလုံးမှာနီမြန်းလာခဲ့ပြီး ပါးစပ်​လေးဟကာ တခုခုဆိုချင်နေသည်။သို့ပေမယ့်ဘယ်ကဘယ်ပုံစရမယ်မသိဖြစ်​နေတော့သည်။

"မင်းထိုက်နဲ့မင်းကံပဲ" ယွီချင့်ဟွမ်မှာ ​​လှောင်​ပြောင်ရယ်သွမ်း​သွေးလိုက်ရင်း ​​

"​နောက်တခါခုလိုလိမ်ဦးမှာလား? ငါ​ပြောပြမယ်..."

သူ့စကား​တောင်အဆုံးမသတ်ရ​သေးခင်မှာ ၃၇ ဒီဂရီအပူချိန်ရှိ​တဲ့ကိုယ်အ​လေးချိန်တခုဟာသူ့အားခုန်အုပ်လာ​ပြီး ဆိုင်းမဆင့်ဗုံ့မဆင့်အ​ပေါ်ဆီးက​နေအုပ်မိုးထား​တော့သည်။

"​ဟော်ချွီ မင်းဘာ​တွေလုပ်​နေတာလဲ?'

ယွီချင့်ဟွမ်မှအသက်ရှူလို့​တောင်မဝတော့သလိုဖြစ်​နေတာ​ကြောင့် သူ့အားအ​ဝေးတွန်းထုတ်​နေရ၏။သို့​​သော် သူ့ဘက်ကရုန်း​လေ​လေ ​ဟော်ချွီဘက်ကပို၍ခပ်တင်းတင်းဖက်ထား​လေ​လေဖြစ်​နေသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now