Cha-17

8.6K 1.6K 54
                                    

[Unicode]

ကျောက်ချင်းယွမ်တံခါးကို ဆောင့်ပိတ်ချသွားပြီး ထွက်ခွာသွားတဲ့နေ့တုန်းက ယွီချင့်ဟွမ်မှာ သူ့နောက်အပြေးလိုက်​တောင်းပန်ပြီး သူကလည်းမကျေလည်သေးသယောင်ဟန်ပန်ကြီးတခွဲသားလုပ်ကာ ပြီးခါမှပြန်လည်ပြေငြိမ်းမယ်လို့ ​တွေးထင်ထားခဲ့သည်။

ဒါက သူငယ်ချင်းကောင်းတွေကြား သ​​ဘောထားကွဲလွဲငြင်းခုန်ပြီး​နောက်ရှိတတ်တဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဥ်တခုပင်!

သို့သော်ငြားလည်း သူလုံးဝမမျှော်လင့်ထားမိသည်မှာ ယွီချင့်ဟွမ်မှာသမရိုးကျအသိစိတ်ဓါတ်အတိုင်း လိုက်လုပ်တက်သူတယောက်ဟုတ်မနေတာပင်။

ယွီချင့်ဟွမ်မှာ မိမိကိုယ်ကိုယုံကြည်မှုကြီးမားသည့်ငယ်ရွယ်သူတယောက်ဖြစ်​နေ​သေးတာကြောင့်
ပထမနေ့သူ့ပျက်ကွက်မှုကို ကျောက်ချင်းယွမ်အနေဖြင့်ခွင့်လွှတ်ပေးလို့ရ​သေးသည်။

သို့သော် ထိုသူကဒုတိယနေ့ရောက်သည်အထိ အရိပ်အယောင်မျှပင်မမြင်ရသေး။

ရောက်မလာရုံသာမက တခြားသူနောက်ကိုတောင် သူ့အားအကြောင်းမကြားဘာမကြား ​ကောက်​ကောက်ပါ​​အောင်လိုက်သွားသေးတယ်!

“ဘုရား​တရား!”

အမျက်ဒေါသတွေစုပုံနေပြီး အဖျက်မိစ္ဆာတယောက်ဝင်ရောက်ပူးကပ်ခြင်းခံနေသလိုဖြစ်နေသော ကျောက်ချင်းယွမ်အားကြည့်လို့ သူ့အေးဂျင့်က ရှုံ့တွတွအပြုံးတချက်ပေးလိုက်ရင်း သူ့ပခုံးအား ဖိနှိပ်လိုက်ကာနားချဖို့ကြိုးပမ်းနေ၏။

“မင်းကချင့်ဟွမ်ထက်ဆယ်နှစ်တောင်ကြီးတာပဲ..သူနဲ့ ဘယ်လိုကိစ္စမျိုးအငြင်းပွားထားကြလို့လဲ? ဒါက တောင်းပန်ယုံလေးတင်မဟုတ်လား?”

သူ့အေးဂျင့်တောင်မှ သူခုလိုမိန်းမငယ်လေးတယောက်ကဲ့သို့ စိတ်လွတ်နေတာမျိုးကိုသည်းညည်းမခံနိုင်ပေ။

သို့သော်လည်း သူ့အေးဂျင့်မှထိုကိစ္စကိုထုတ်​ဖော်ပြောကြားလာသည်နဲ့ ကျောက်ချင်းယွမ်၏ဒေါသတွေမှာ ချက်ချင်းလက်ငင်းလှိုက်တက်လာပြန်၏။

“ငါမင်းကိုပြောမယ်! ဒီနေ့ကစလို့ယွီချင့်ဟွမ်ဆိုတာ ငါ့စာရင်းထဲမရှိတော့ဘူး! ငါတို့အဆုံးသတ်ပြီ!”

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now